၁၇ နှစ်သမီးကလေး ဝမ်းစာရေးအတွက် ကဏန်းထွက်ထောင်စဉ် အကြိမ်ကြိမ်သားမယားပြုကျင့်မှုခံရ


ဖျာပုံ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ် အမာမြို့နယ်ခွဲ ဒေါ်ညိမ်း ကျေးရွာအုပ်စု ခါးပြတ်ကျေးရွာနေ ဖခင်ဖြစ်သူ ဦးတင့် ကျပန်းလုပ် ကိုင်သူမှ မတ်လ ၆ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ဒေါ်ညိမ်း နယ်မြေရဲစခန်းသို့ (၁၇နှစ်)သမီး ဖြစ်သူ မ---- အား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သူအား အမှု ဖွင့်အရေးယူဆောင်ရွက်ပေးပါရန် လာရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော ရှစ်နှစ် ခန့်က ဇနီးဖြစ်သူကွယ်လွန်သွား၍ သမီးကြီးဖြစ်သူ မ----(စိတ်မနှံ့ သူ) အသက် (၂၇နှစ်)၊ သမီးငယ် မ----အသက်(၁၇နှစ်)တို့ သား အဖသုံးဦး နေထိုင်ခဲ့ကြပြီး ဖခင် ဖြစ်သူ ဦးတင့်က လွန်ခဲ့သောခုနစ် ရက်၊ ရှစ်ရက်ခန့် နံနက် ၁ဝ နာရီ တွင် စပါးအရောင်းအဝယ်ကိစ္စနဲ့ ဘိုကလေးမြို့နယ်ဘက်သို့ထွက်ခွာ သွားရာမှ ယခုလ ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် နေအိမ်သို့ပြန် ရောက်လာစဉ် သမီးဖြစ်သူ မ--အော့အန်ပြီး ကိုယ်ဝန်ရှိနေသဖြင့် သမီးဖြစ်သူ မ----အား မေးမြန်း ကြည့်ရာ လွန်ခဲ့သော လေးလခန့် က ည ၇ နာရီတွင် နေအိမ်၏ အနောက်ဘက် ဗျိုက်တောထဲသို့ တစ်ဦးတည်းကဏန်းထောင်ထွက် စဉ် တစ်ရွာတည်းနေ မြတ်ပိုင်စိုး (၃၃နှစ်) (အိမ်ထောင်ရှိသူ)မှ ရောက်ရှိလာပြီး လက်အားဆွဲ သဖြင့် ရုံးကန်လိုက်စဉ် ချော်လဲ သွားရာ မြတ်ပိုင်စိုးက အတင်းလုံး ထွေး၍၄င်းအား သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မိဘ တွေပြန်ပြောရင် သတ်ပြစ်မည်ဟု ခြိမ်းခြောက်သဖြင့် ပြန်လည် တိုင်တန်းခြင်းမရှိခဲ့ကြောင်း၊ ၄င်း နောက် မ----သည် အိမ်နောက် ဗျိုက်တောအတွင်း ကဏန်းထောင် ထွက်စဉ်အခါတိုင်း အကြိမ်ကြိမ် အခါခါ ၄င်းအလိုမတူဘဲ သား မယားပြုကျင့်ခဲ့သူ မြတ်ပိုင်စိုးအား ဥပဒေအရအရေးယူပေးပါရန် ပြော ဆိုတိုင်တန်းခဲ့ကြောင်း သိရသည်။

ဒေါ်ညိမ်း နယ်မြေရဲစခန်းမှ ယခုလ ၆ ရက် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် (ပ)၃၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ တရားခံမြတ်ပိုင်စိုးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိ ရသည်။

ကျော်စိုးမိုး
The Union Daily
https://www.facebook.com/uniondaily.net
၁၇ နှစ်သမီးကလေး ဝမ်းစာရေးအတွက် ကဏန်းထွက်ထောင်စဉ် အကြိမ်ကြိမ်သားမယားပြုကျင့်မှုခံရ ၁၇ နှစ်သမီးကလေး ဝမ်းစာရေးအတွက် ကဏန်းထွက်ထောင်စဉ် အကြိမ်ကြိမ်သားမယားပြုကျင့်မှုခံရ Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.