တဘူးလှဆည်အနီး တမံ(၁)ကျေးရွာ သစ်တောကြိုးဝိုင်း၌ အရေပြား နှာမောင်း အမြီးများမရှိသည့် ဆင်သေတစ်ကောင်တွေ့ရှိ


ရန်ကုန် မတ် ၈

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ဥက္ကံမြို့ ချောင်းစောက် အုပ်စု တမံ(၁)ကျေးရွာ တဘူးလှ ဆည်အနီး ဥက္ကံသစ်တာကြိုးဝိုင်း အတွင်း အကွက်အမှတ်(၁၄)ကွမ်း မြောင်ခွဆုံတွင် တောဆင်ရိုင်းတစ် ကောင်သေဆုံးနေကြောင်း မတ်လ ၆ရက်ည ၉နာရီတွင် ဆယ်အိမ်မှူး ဦးမင်းထွန်းထံမှ သိရသည်။

အဆိုပါတောဆင်ရိုင်း သေဆုံး နေသောနေရာသို့ ယမန်နေ့ နံနက် ၈ နာရီခန့်တွင် မြို့နယ်သစ်တော အဖွဲ့မှ တောအုပ် ကိုကိုလင်းမောင် ပါသုံးဦး၊ မြိုင်ဟေဝန်ဆင်စခန်းမှ သစ်အုပ်ကြီး ဦးမောင်မောင်ချေ ပါသုံးဦး၊ သာယာဝတီသစ်ထုတ် လုပ်ရေးမှ ဆင်ဆရာဝန် ဦးစိုးသူ အောင်ပါ နှစ်ဦး၊ ဆင်လှည့်ကင်း တာဝန်ကျ ဆင်ဦးစီးသုံးဦး၊ သစ် တောရဲ ဒုရဲမှူးဦးဌေးဝင်းပါသုံးဦး၊ ချောင်းစောက်ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့တို့မှ ဆင်သေအား သွားရောက်စစ်ဆေးရာ တောဆင် မှာ အနက်ရောင် အသက် ငါးနှစ် ခန့်ရှိသော တောဆင်မတစ်ကောင် သေဆုံးနေကြောင်း တွေ့ရှိရသည်။ ၄င်းတောဆင်မသည် ဆင်မုဆိုး တို့ကသတ်ဖြတ်ထားသည်ဟုယူဆ ရကြောင်း၊ ဆင်သေ၌ ဆင်အရေ ပြား၊ နှာမောင်းနှင့်အမြီးတို့ မရှိ တော့သည်ကို တွေ့ရှိရပြီး၊ ဆင် ခန္ဓာအစိတ်အပိုင်းများကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်ပြီး ဥက္ကံနယ် မြေရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net
တဘူးလှဆည်အနီး တမံ(၁)ကျေးရွာ သစ်တောကြိုးဝိုင်း၌ အရေပြား နှာမောင်း အမြီးများမရှိသည့် ဆင်သေတစ်ကောင်တွေ့ရှိ တဘူးလှဆည်အနီး တမံ(၁)ကျေးရွာ သစ်တောကြိုးဝိုင်း၌ အရေပြား နှာမောင်း အမြီးများမရှိသည့် ဆင်သေတစ်ကောင်တွေ့ရှိ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.