နာယာပါရာ ဒုက္ခသည်စခန်းပစ်ခတ်မှု တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ၊ နှစ်ဦးဖမ်းဆီးခံရ


နိရဉ္စရာ၊ မတ် ၈

ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ်ရှိ ဘင်္ဂလီဒုက္ခသည် စခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားရာတွင် တစ်ဦးသေဆုံးပြီး ၎င်းပစ်ခတ်မှုနဲ့ ပတ်သက်ကာ လူနှစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းပစ်ခတ်မှုမှာ တက်ကနက်မြို့နယ် နာယာပါရာ ဒုက္ခသည်စခန်းတွင် ယနေ့နံနက် ၄ နာရီက ဖြစ်ပွားခဲ့သည်ဟု တက်ကနက် ရဲစခန်းမှ စခန်းမှူး Ranjit Kumar Barua က ပြောသည်။

သေဆုံးသူမှာ နာယာပါရာ စခန်းမှ လူသိများသည့် အသက် ၃၂ နှစ် အရွယ်ဒေသအခေါ် ဘိုင်လာ ဒါကပ် (ခေါ်) ဓါးပြ ဟူစိန်အာလီ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ညီအစ်ကို နှစ်ဦးဖြစ်သူ အဘာဒူလ်ရာဇက် (၃၅) နှစ်နဲ့ အဘဒူရ် ဆလမ်(၃၁) နှစ် ဖြစ်ပြီး ဓါးပြ နှစ်ဖွဲ့အကြား သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုက္ခသည် စခန်းကို ၀င်ရောက်စီးနှင်းစဉ် သေဆုံးသူ ဟူစိန်အာလီ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းနောက် အဘာဒူလ်ရာဇက်နဲ့ အဘဒူရ် ဆလမ်တို့ကို ဖမ်းဆီမိခဲ့သည်။

တစ်ခြားဒဏ်ရာရသူ နုရ် အာလမ်မှာ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။ ၎င်းမှာ ဘင်္ဂလာဒေ့ရှ် အန်ဆာအဖွဲ့မှ သေနတ်လုရာတွင် ပါဝင်သူဟု ရဲက သံသယရှိနေသူ ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
နာယာပါရာ ဒုက္ခသည်စခန်းပစ်ခတ်မှု တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ၊ နှစ်ဦးဖမ်းဆီးခံရ နာယာပါရာ ဒုက္ခသည်စခန်းပစ်ခတ်မှု တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ၊ နှစ်ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.