ရိုဟင်ဂျာပြဿနာပြေလည်ရေး အမေရိကန်ဦးဆောင်သင့်တယ်လို့ မက်ကိန်းနဲ့ ဂျိုလီပြော

ဓါတ်ပုံ - (ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃ဝ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှာ တွေ့ရစဉ်)Photo: Kyaw Myo Min/RFA
နှစ်ပေါင်း ၃၀ လောက် မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံကူညီခဲ့တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိအချိန်မှာလည်း မြန်မာပြည်သူတွေရဲ့ ဘဝလုံခြုံဖို့၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေရဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဖို့ကိစ္စမှာ မျှတတဲ့အဖြေရအောင် မိမိတို့အနေနဲ့ပြသဖို့ လိုအပ်တယ်လို့ အမေရိကန်လွှတ်တော် အမတ်ကြီး မက်ကိန်းနဲ့ မင်းသမီး အိန်ဂျလီနာဂျိုလီတို့က နယူးယောက် တိုင်းမ်စ်သတင်းစာကနေ ပူးတွဲရေးသား တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာပေါ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်ခံရတာတွေ၊ ကမ္ဘာအရေးတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဦးဆောင်ခဲ့ပေမယ့်၊ အခုနောက်ပိုင်း ဆီးရီးယားအရေးမှာ ထိရောက်အောင် မကာကွယ်ပေးနိုင်တာဟာ အရှက်ရဖွယ်ဖြစ်ရသလို၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရတာကိုလည်း မျက်ကွယ်မပြုဘဲ ဦးဆောင်ကာကွယ်သင့်တယ်လို့ သူတို့နှစ်ယောက်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာပြဿနာပြေလည်ရေး အမေရိကန်ဦးဆောင်သင့်တယ်လို့ မက်ကိန်းနဲ့ ဂျိုလီပြော ရိုဟင်ဂျာပြဿနာပြေလည်ရေး အမေရိကန်ဦးဆောင်သင့်တယ်လို့ မက်ကိန်းနဲ့ ဂျိုလီပြော Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.