သမ္မတ ဒူတာတေး စိတ်ရောဂါ အထူးကုနဲ့ ပြသင့်ကြောင်း ကုလအဆင့်မြင့်အရာရှိကြီး ပြောကြား

ဓါတ်ပုံ - (ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို တွေ့ရစဉ်)
ကုလသမဂ္ဂ လူ့အခွင့်အရေးလှုပ်ရှားသူတွေအပေါ် မဟုတ်မတရား စွပ်စွဲပြောဆိုနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေနဲ့ စိတ်ရောဂါအထူးကုနဲ့ ပြသဖို့လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သမ္မတ ဒူတာတေးဟာ Agnes Callamard ဆိုသူ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အမျိုးသမီးကို အကြမ်းဖက်သမား ၆၀၀ ကျော်စာရင်းထဲမှာ ထည့်သွင်းသတ်မှတ်ကြေညာနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး၊ သူမကို ပါးရိုက်ပစ်မယ်လို့ပါ ခြိမ်းခြောက်ပြောဆိုထားပါတယ်။

ဒီလိုတိုက်ခိုက်နေမှုတွေဟာ အဖြေမဟုတ်သလို လက်ခံနိုင်စရာလည်း မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က ပြောပါတယ်။ သမ္မတ ဒူတာတေးအနေနဲ့ စိတ်ဝေဒနာဆိုင်ရာ ဆေးစစ်ချက်ကို ကိုယ်တိုင်တင်ပြဖို့ လိုအပ်နေပြီလို့လည်း သူက ပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သမ္မတ ဒူတာတေး စိတ်ရောဂါ အထူးကုနဲ့ ပြသင့်ကြောင်း ကုလအဆင့်မြင့်အရာရှိကြီး ပြောကြား သမ္မတ ဒူတာတေး စိတ်ရောဂါ အထူးကုနဲ့ ပြသင့်ကြောင်း ကုလအဆင့်မြင့်အရာရှိကြီး ပြောကြား Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.