သြစတြီးယားနိုင်ငံဗီယင်နာမြို့ တွင် ဓားကိုင်အကြမ်းဖက်သူတစ်ဦး သေနတ်ပစ်သတ်ခံရ

အခင်းဖြစ်ပွားသောနေရာသို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ်(ဆင်ဟွာ)
 ဗီယင်နာ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

    သြစကြီးယားနိုင်ငံ ဗီယင်နာမြို့ ရှိ သြစတြီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးနေအိမ်တွင် မတ်လ ၁၁ ရက် ညပိုင်းက အသက် ၂၆ နှစ်အရွယ်သြစတြီးယာားအမျိုးသားတစ်ဦးမှ သံအမတ်အိမ်တော် လုံခြုံရေးသမားတစ်ဦး အား ဓားဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းဓားသမားအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက  ငရုတ်ကောင်းမှုန့် စပရေး (Pepper Spray) ဖြင့် မှုတ်၍ ဦးစွာတားဆီးခဲ့သော် ၄င်းမှာ ဆက်လက်ခုခံနေခဲ့ရာ သေနတ်ဖြင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း၊ ဒဏ်ရာရခဲ့သော အိမ်တော်လုံခြုံရေးဝန်ထမ်းကို နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရကြောင်း ၊ လက်ရှိတွင် အဘယ်ကြောင့် တိုက်ခိုက်မှုပြုလုပ်သည်ကိုမူ အသေးစိတ်မသိရသေးကြောင်း နှင့် အခင်းဖြစ်ပွားရာနေရာကို လုံခြုံရေးတိုးမြှင့်ချထားပြီးဖြစ်ကြောင်း ဗီယင်နာမြို့ တော် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ယနေ့ ( မတ် ၁၂ ရက်)တွင် ပြောကြားခဲ့သည်။

ယခုလအတွင်း ဗီယင်နာမြို့ တွင် ဓားကိုင်အကြမ်းဖက်မှု ၂ မှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်သမား ၁ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
သြစတြီးယားနိုင်ငံဗီယင်နာမြို့ တွင် ဓားကိုင်အကြမ်းဖက်သူတစ်ဦး သေနတ်ပစ်သတ်ခံရ  သြစတြီးယားနိုင်ငံဗီယင်နာမြို့ တွင် ဓားကိုင်အကြမ်းဖက်သူတစ်ဦး သေနတ်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.