ရွှေညောင်မြို့တွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ဆီဘောက်ဆာကားကြိတ်မိ သေဆုံး


၂၀၁၈ မတ်​ ၂၀

ရွှေညောင်မြို့၊ ရပ်စောက်လမ်းဆုံမီးပွိုင်အနီး၊ ရွှေညောင် တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်​ မတ်လ(၂၀)ရက်နေ့ ယနေ့ ညနေ(၄း၄၀)အချိန်ခန့် က တောင်ကြီးဘက်သို့မောင်းနှင် လာသည့် ဆီဘောက်ဆာယာဉ်တစ်စီးသည်​ လမ်းဖြတ်ကူးလာသည့် အမျိုးသားတစ်ဦးကို တိုက်မိခဲ့ပြီး အတိုက်ခံရတဲ့ အမျိုးသား သေဆုံးသွား​ကြောင်း သိရသည်​။

ဖြစ်စဉ်တွင် မတ်လ(၂၀)ရက်နေ့ ညနေ(၄း၄၀)အချိန်က ၁၂ဘီးယာဉ် ဆီဘောက်ဆာကား ဇီးရောင်(6D/7836)မှာ လမ်းမကြီးမြောက် ဘက်မှ လမ်းဖြတ်ကူးလာသူဦးထွန်းရွှေ၊ အသက်(၄၃)နှစ်၊ ရွှေညောင်မြို့တွင်နေထိုင်သူအား အရှိန်လွန်တိုက်မိပြီး ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာဖြင့် စဝ်စံထွန်းဆေးရုံကို ပို့ဆောင်စဉ်​ သေဆုံးသွား​ကြောင်း သိရသည်​။

ယာဉ်တိုက်မှုတွင်​ ယာဉ်မောင်းဖြစ်သူမောင်တင်၊ အသက်(၂၇)နှစ်၊ မိုင်းပွန်မြို့တွင်နေထိုင်သူကိုရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၄(က))ဖြင့် ရွှေညောင်နယ်မြေရဲစခန်းတွင် ​(ပ)အမှတ် (၁၂/၂၀၁၈)ဖြင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရသည်​။

BY ခွန်​ယံ
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor/
ရွှေညောင်မြို့တွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ဆီဘောက်ဆာကားကြိတ်မိ သေဆုံး ရွှေညောင်မြို့တွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ဆီဘောက်ဆာကားကြိတ်မိ သေဆုံး Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.