ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ သေဆုံး


နမ္မတီး မတ် ၂၀

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမပေါ်ရှိ နမ္မတီးနှင့် မရမ်းကျေးရွာကြားတွင် မတ်၂၀ရက် နံနက်၆နာရီက ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ ဘိုကလေးမြို့နယ် ဆက်စန်းကျေးရွာနေ အောင်ကို(၂၁)နှစ် မောင်းနှင်လာသည့် MDY-9K(----)နံပတ်ပါ ISUZU အမျိုးအစားမော်တော်ယာဉ်နှင့် မြစ်ကြီးနားဘက်မှ နမ္မတီးဘက်သို့ မိုးကောင်းမြို့နယ် လမ်းခွကျေးရွာ ညောင်ပင်ရပ်ကွက်နေ ဦးစတောင်ဟောင်းတောင်(၄၂)နှစ် စီးနင်းလာသည့် HERO ANBO-125 အမျိုးအစားမော်တော်ဆိုင်ကယ်သည် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ နမ္မတီး-မရမ်းကြား မိုင်တိုင်အမှတ် ကီလိုမီတာ ၄၂၄ နှင့် ၄၂၅ ကြားတွင် မျက်နှာချင်းဆိုင်တိုက်မိပြီး ဦးစတောင်ဟောင်းတောင်မှာ ဒါဏ်ရာများရရှိကာ သေဆုံးခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ကိုအား နမ္မတီးနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၄/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ သေဆုံး ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ သေဆုံး Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.