နောက်ဆုံးကျန်ရှိနေတဲ့ မြောက်ပိုင်းကြံ့ဖြူအထီး ကင်ညာမှာ သေဆုံးသွား


နိုင်ရိုဘီ ၂၀ မတ်

အသက်အရွယ် ၄၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နောက်ဆုံးလက်ကျန် မြောက်ပိုင်းကြံ့ဖြူ အထီးကြီးဟာ ကင်ညာနိုင်ငံမှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ထိန်းသိမ်း စောင့်ရှောက်သူတွေက မတ်လ ၂၀ ရက်နေ့မှာ ထုတ်ဖော်ကြေညာ ခဲ့ပါတယ်။ သူ့ရဲ့ မျိုးဆက် ကြံ့ဖြူ အမနှစ်ကောင်ကိုတော့ ချန်ထားရစ်ခဲ့ပါတယ်။

ဆူဒန်လို့ အမည်ရတဲ့ ကြံ့ဖြူဖိုကြီးဟာ အသက်အရွယ် ကြီးရင့်မှုကြောင့် ရောဂါတွေ တိုးတိုးလာပြီး အခြေအနေ ပိုဆိုးလာတဲ့အတွက် တိရစ္ဆာန် ဆရာဝန်အဖွဲ့မှ ကုမရတဲ့ ရောဂါဝေဒနာကနေ သူ့ကို ညင်ညင်သာသာ ဖြစ်စေဖို့ ဆုံးဖြတ်ချက် ချခဲ့တာလို့ အိုအိုင် ပီဂျီတာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ မျိုးစိတ်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် သူ့ရဲ့မျိုးရိုးဗီဇဆိုင်ရာ အစိတ်အပိုင်း တွေကိုတော့ စုဆောင်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၇၀ နဲ့ ၈၀ ခုနှစ်တွေကြားမှာ တရုတ်တိုင်းရင်းဆေးအတွက် ကြံ့ဖြူဦးချို ၀ယ်လိုအား အရှိန်ကြောင့် ချက်၊ ဆူဒန်၊ ဗဟိုအာဖရိကသမ္မတ နိုင်ငံနဲ့ ယူဂန္ဓာတို့မှာရှိတဲ့ မြောက်ပိုင်းကြံ့ဖြူ အရေအတွက် နည်းပါးလာခဲ့တာ ဖြစ်ပါတယ်။ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ နောက်ဆုံး ကျန်ရှိနေတဲ့ ကြံ့ဖြူကောင်ရေပေါင်း ၂၀၊ ၃၀ ခန့်ဟာလည်း ၁၉၉၉ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတို့မှာ သတ်ဖြတ်ခံ ခဲ့ကြရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ မြောက်ပိုင်းကြံ့ဖြူတွေဟာ မျိုးသုဉ်းပျောက်ကွယ် သွားတော့မယ့် တောရိုင်းတိရစ္ဆာန်တွေ ဖြစ်ခဲ့ပါတယ်။

ကိုးကား-AFP
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
နောက်ဆုံးကျန်ရှိနေတဲ့ မြောက်ပိုင်းကြံ့ဖြူအထီး ကင်ညာမှာ သေဆုံးသွား နောက်ဆုံးကျန်ရှိနေတဲ့ မြောက်ပိုင်းကြံ့ဖြူအထီး ကင်ညာမှာ သေဆုံးသွား Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.