အလိုအလျောက်မောင်းကားနဲ့ တိုက်မိသူ သေဆုံး


စမ်းသပ်မောင်းနှင်နေတဲ့ အလိုအလျောက်မောင်းနှင်ကားတစ်စီးက တိုက်မိခဲ့လို့ လူတဦးသဆုံးရတာဟာ နည်းပညာအသစ်နဲ့ ဆက်နွယ်ပြီး ပထမဆုံး လူသေဆုံးခဲ့ရတဲ့ ယာဉ်မတော်တဆမှုလို့ ပြောရမှာပါ၊၊

Uber အဌားကား ၀န်ဆောင်မှု ကုမ္ပဏီပိုင် အလိုအလျောက်မောင်းနှင်ကားတစ်စီးက Arizona ပြည်နယ်Tempe မြို့ဆင်ခြေဖုံးဒေသမှာ အသက် ၄၉ နှစ်အရွယ် ရှိ Elaine Herzberg ကိုလမ်းဖြတ်ကူးနေတဲ့ အချိန်မှာ တိုက်မိခဲ့ပြီး နောက် အဲဒီ အမျိုးသမီးဟာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာသေဆုံးခဲ့ ပါတယ်၊၊

ဒီ ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် Uber အဌားကား ၀န်ဆောင်မှုကုမ္ပဏီ က အမေရိကန်နဲ့ ကနေဒါမှာ စမ်းသပ်နေတဲ့ အလိုအလျောက်မောင်းနှင်ယာဉ် စနစ်ကို ရပ်ဆိုင်းထားလိုက်ပြီလို့ ပြောပါတယ်၊၊

ယာဉ်မတော်တဆမှုဖြစ်တဲ့ အချိန်က ကားပေါ်မှာ ကားမောင်းသူပါပေမဲ့ အလိုအလျောက်မောင်းနှင်ခလုတ်ဖွင့်ထားတယ်လို့ သိရပါတယ်၊၊

Pittsburg, San Francisco, Toronto နဲ့ ဖီးနစ်မြို့တ၀ိုက်မှာ အဌားကား ၀န်ဆောင်မှု ကုမ္ပဏီတွေက အလိုအလျောက်မောင်းနှင်ကားတွေကို စမ်းသပ်မောင်းနှင်နေတာ လအတော်ကြာပြီ ဖြစ်ပါတယ်၊၊

အမေရိကန်အဝေးပြေးလုံခြုံရေး စီမံခန့်ခွဲမှုဌာနနဲ့ သယ်ယုပို့ဆောင်ရေး ဆိုင်ရာ လုံခြုံရေး ဘုတ်အဖွဲ့ က ဒီယာဉ်မတော်တဆမှုအတွက် စုံစမ်းမူတွေပြုလုပ်သွားမယ်လို့ပြောပါတယ်၊၊

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အလိုအလျောက်မောင်းကားနဲ့ တိုက်မိသူ သေဆုံး အလိုအလျောက်မောင်းကားနဲ့ တိုက်မိသူ သေဆုံး Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.