ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ(၄၄)မှ ကျပ်သိန်း ၂၀၀၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွား


 မန္တလေး ၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ(၄၄)မှ ကျပ်သိန်း ၂၀၀၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ထားပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နေ့ လည် ၂ နာရီခွဲ အချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ(၄၄)မှ မန္တလေးဘဏ်ခွဲ(၂)တာဝန်ခံ ဒေါ်ခင်မမထံသို့ ဒေါ်ခင်သန်းအေးမှ ရောက်ရှိလာပြီး ၎င်း၏ Current Account(စာရင်းရှင်)၊ Account No.×××××××××× အား စစ်ဆေးရာ ငွေကျပ် ၂၀၀၀ သိန်း ကွာနေသဖြင့် ဆက်လက် စိစစ်ခဲ့ရာ ဦးညွန့်မောင်(၂၅)နှစ်သည် ဒေါ်ခင်သန်းအေး၏ Cheque စာအုပ်မှ စာရွက်အမှတ်စဉ် No.×××××××× အား အတုပြုလုပ်ကာ ဒေါ်ခင်သန်းအေး၏ Current Account ထဲမှ ငွေကျပ် သိန်း၂၀၀၀ အား ထုတ်ယူသွားကြောင်း သိရှိရသည်။

 ဒေါ်ခင်အေးသန်း သည် ၎င်း၏ Cheque လက်မှတ်စာအုပ်အား ဘဏ်ခွဲ(၄၄)တာဝန်ခံ မကေသီခိုင်ထံ စစ်ဆေးခံပြသခဲ့ရာ Cheque စာရွက် No. ×××××× မှာ စာအုပ် အတွင်း၌သာရှိနေခဲ့သဖြင့် မတ်လ ၂၁ ရက်နေ့ ၁၉၄၅ အချိန် မကေသီခိုင်မှ တိုင်တန်းသဖြင့် ဦးညွန့်မောင် (ဖမ်းမမိ)အား ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၁၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု/ အတုပြုလုပ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပါသည်။

သစ်ထူးလွင်
ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ(၄၄)မှ ကျပ်သိန်း ၂၀၀၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွား ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ(၄၄)မှ ကျပ်သိန်း ၂၀၀၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.