အင်းတော်မြို့နယ်၌ လူသတ်မှုဖြစ်ပွား


၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ၁၇၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး  အင်းတော်မြို့နယ်၊ နဘား-ကသာသွားမီးရထား လမ်းမိုင်တိုင်(၅၈၉/၁၄-၁၅)ကြား တံတားအမှတ်(၅၉၀)အောက်၌ မတင်မာဝင်း၊ (၁၇)နှစ် သည် လည်ပင်းအောက်ပိုင်း ထိုးသွင်းဒဏ်ရာ ၃ ချက်၊ လည်ပင်းယာဘက် ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ စစ်ဆေးခဲ့ပြီး အင်းတော်မြို့နယ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး အင်းတော်မြို့မရဲစခန်း (ပ)၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့သည် သေဆုံးသူ မတင်မာဝင်းနှင့်အတူ သွားလာခဲ့သည့် သိန်းစိုး (၃၉)နှစ် အား နဘားကျေးရွာ(အ.ထ.က)ကျောင်းရှေ့ လမ်းမပေါ်၌ ၎င်းခန္ဓာကိုယ်တွင် လက်ဖြင့် ကုတ်ခြစ်ထားသော ဒဏ်ရာများနှင့် တွေ့ရှိရသောကြောင့် သိန်းစိုးအား ခေါ်ဆောင်၍ ၎င်း၏ နေအိမ်အား ရှာဖွေရာ မတင်မာဝင်းနှင့်အတူ သွားလာစဉ် ၎င်းဝတ်ဆင်ခဲ့သည့် အင်္ကျီနှင့် ပုဆိုးတို့၌ သွေးများစွန်းထင်းနေသည်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိန်းစိုးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုတွင် ဆက်လက်ဖော်ပြထားပါသည်။

သစ်ထူးလွင်
အင်းတော်မြို့နယ်၌ လူသတ်မှုဖြစ်ပွား အင်းတော်မြို့နယ်၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.