ငလျင်ဒဏ်ခံထားရသည့် ပုဂံဘုရားတစ်ဆူ ပြိုကျ

Photo Credit - min min aung
မန္တလေး၊ မတ် ၄။

မန္တလေးတိုင်းဒေသကြီး ပုဂံမြို့သစ်အနောက်မြောက်ဘက်အရပ်ရှိ ၂၀၁၆ ခုနှစ်က က ငလျင်ဒဏ်ခံထားရသော ပုဂံ ဘုရားအမှတ်​ ၁၀၆၆ မတ်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့သည် ။

``ခုပြိုကျတဲ့ ဘုရားက ငလျင်ဒဏ် အတော်လေးခံထားခဲ့ရတာ ။ ဘုရားကို သံဖရိန်တွေ သံချောင်းတွေနဲ့ ပတ်ပြီး ထိန်းသိမ်းရေးလုပ်ထားတယ်။ အပေါ် အမိုး က ဝိတ်များပြီး နံရံသုံးဘက်ပွင့်ထွက်သွားတာဖြစ်တယ်´´ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည် ။
Photo Credit - min min aung
ထို့အပြင် ပြိုကျခဲ့သောဘုရားမှာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပြန်လည်ပြုပြင်ထားသည့် ဘုရားဖြစ်ပြီး ဘုရားတစ်ဆူလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကာ ထိုသို့ပြိုကျပျက်စီးသွားသည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည် ။

ဒိုး
Central News Myanmar
https://www.facebook.com/CNMyanmar/

ငလျင်ဒဏ်ခံထားရသည့် ပုဂံဘုရားတစ်ဆူ ပြိုကျ ငလျင်ဒဏ်ခံထားရသည့် ပုဂံဘုရားတစ်ဆူ ပြိုကျ Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.