ရန်ကုန်-စစ်တွေ အမြန်လမ်းမတွင် အသက် ၇ နှစ်ကလေးငယ်တစ်ဦး ကားတိုက်ခံရ နေရာ၌သေဆုံး


ပုဏ္ဏားကျွန်း၊ မတ်လ ၄ ရက်

ရန်ကုန်-စစ်တွေ အမြန်လမ်းမ ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းကျေးရွာအနီးတွင် ယနေ့မတ်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က လစ်ထရစ်ကားတစ်စီးဝင်တိုက်၍ အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ယင်းနေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းက သိရသည်။


ဖြစ်စဉ်မှာ ကျောက်တော် - စစ်တွေ လိုင်းဆွဲနေသော ခရီးသည်တင် လစ်ထရစ်ကား မောင်းနှင်သူ ဦးခင်မောင်သန်းသည် ယာချောင်းကျေးရွာအနီးအရောက်တွင် ရပ်ထားသော ကားတစ်စီးကို ကျော်တက်ရာမှ ယာချောင်းကျေးရွာမှ အသက် ၇ နှစ်အရွယ် မောင်ဝင်းဝင်းဇော်အား တိုက်မိရာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိ၍ ယင်းနေရာ၌ပင် မောင်ဝင်းဝင်းဇော် သေဆုံးသွားကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ မောင်ဝင်းဝင်းဇော်အား ပုဏ္ဏားကျွန်းမြို့ပြည်သူဆေးရုံးကြီးသို့ ပို့ဆောင်ထားပြီး ယဉ်မောင်း ဦးခင်မောင်သန်းအား ပုဏ္ဏားကျွန်းမြို့ မြို့မရဲစခန်းမှ ယဉ်ပ ၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ ဖြင့် ဦးတင်ဝင်းမှ အမူဖွင့်ထားကြောင်းသိရသည်။

သတင်း - ဇောင်း (ပုဏ္ဏားကျွန်း)/DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ရန်ကုန်-စစ်တွေ အမြန်လမ်းမတွင် အသက် ၇ နှစ်ကလေးငယ်တစ်ဦး ကားတိုက်ခံရ နေရာ၌သေဆုံး ရန်ကုန်-စစ်တွေ အမြန်လမ်းမတွင် အသက် ၇ နှစ်ကလေးငယ်တစ်ဦး ကားတိုက်ခံရ နေရာ၌သေဆုံး Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.