အိမ်အကူကို မိန်းက​လေးအား အက်ဆစ်ဖြင့်လောင်းခြင်း၊ မျက်စိကွယ်အောင် နှိပ်​စက်​ခဲ့သည့်​ အမျိုးသမီးကို အရေးယူ

ဓာတ်​ပုံ - အင်​တာနက်
မန္တလေး၊ မတ် ၄။

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုအတွင်း အိမ်အကူအဖြစ် အလုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့်လောင်းခြင်း၊ မျက်စိကွယ်အောင် လုပ်ခြင်းတို့ လုပ်ခဲ့သည့်အမျိုးသမီးအား မတ်လ ၁ ရက်နေ့က အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ခွဲ (မန္တလေး) က သိရသည်။

အက်စစ်နှင့် အပတ်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အက်ဆစ်ဖြင့် လောင်းခဲ့ခြင်းဖြစ်ပြီး မတ်လ (၁) နေ့က ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည် ။

``ထွက်ပြေးလာတဲ့ အိမ်အကူက အမျိုးသမီးရေးရာအဖွဲ့နဲ့ ချိတ်မိပြီး ကျွန်တော်တို့ လူကုန်ကူးအဖွဲ့မှာ အမှုဖွင့်တယ် ။ အိမ်အကူ မိန်းကလေးကို အက်စစ်နဲ့ ပက်တဲ့သူကိုရော အိမ်ရှင်ကိုရောအမှုဖွင့်ထားတယ်´´ ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ရဲမှူးမျိုးဇင်က ပြောသည် ။

မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်က ဒေါ်မိုးမိုးက ၎င်းပိုင် စတိုးဆိုင်တွင် တစ်လလျင်တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည် ။

ယင်းသို့လုပ်ကိုင်နေရင်း ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခြင်းနှင့်ပက်သက်ပြီး ဒေါ်နီနီနုနွယ်က ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

အက်ဆစ်ဖြင့်လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက်ဦးခေါင်းမှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ကာ လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ရောက်ရှိသွားခဲ့ကြောင်း စစ်ဆေးချက်များအရသိရသည် ။

ထို့နောက် မနန်းမေဇင်ဦးအား အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး၊ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေပဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကာ ဆယ်နှစ်တာ အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ပေးခြင်းမရှိကြောင်း သိရသည် ။

ယင်းသို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဖြစ်သည့် ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးလျက်ရှိသည် ။

ထို့အပြင် အက်ဆစ်ဖြင့် လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦးအား လူကုန်တားရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က လုံခြံစိတ်ချရသည့် နေရာတွင်စောင့်ရှောက်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ပေးရန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

ဒိုး
Central News Myanmar
https://www.facebook.com/CNMyanmar/
အိမ်အကူကို မိန်းက​လေးအား အက်ဆစ်ဖြင့်လောင်းခြင်း၊ မျက်စိကွယ်အောင် နှိပ်​စက်​ခဲ့သည့်​ အမျိုးသမီးကို အရေးယူ အိမ်အကူကို မိန်းက​လေးအား အက်ဆစ်ဖြင့်လောင်းခြင်း၊ မျက်စိကွယ်အောင် နှိပ်​စက်​ခဲ့သည့်​ အမျိုးသမီးကို အရေးယူ Reviewed by THITHTOOLWIN on 07:23 Rating: 5
Powered by Blogger.