RCSS/SSA ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်အား ပြန်လည်ရွေးကောက်တင်မြှောက်


ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၁၈

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဥက္ကဌရွေးကောက်ပွဲကျင်းပရာ လက်ရှိဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးယွက်စစ်အား ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြကြောင်းသိရသည်။

ရွေးကောက်ပွဲအား ဖေဖော်ဝါရီလ ၂၁ နှင့် ၂၂ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် ၄ နှစ်တကြိမ် ဥက္ကဌရွေးကောက်ပွဲကျင်းပပါသည်။

ယခုရွေးကောက်ပွဲတွင်လည်း ယှဉ်ပြိုင်သည့် ဥက္ကဌလောင်း ၅ ဦးအနက် မဲပေးပိုင်ခွင့်ရှိသူ ဗိုလ်မှူးအဆင့် နှင့်အထက် ၂၄၄ ဦးက ဗိုလ်ချုပ်ကြီးယွက်စစ်အားပြန်လည်ရွေးကောက်ခဲ့ကြခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်/ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
RCSS/SSA ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်အား ပြန်လည်ရွေးကောက်တင်မြှောက် RCSS/SSA ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်အား ပြန်လည်ရွေးကောက်တင်မြှောက် Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.