လမ်းပေါ်ထွက် တောင်းဆိုမှု ပေါ်ပေါက်ပြီးနောက် အလုပ်ဖြုတ်ခံရသူ အမျိုးသမီးများကို အလုပ်ပြန်ခန့်


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂

အမျိုးသမီးများ ၂၀၀ ကျော်မှ လမ်းပေါ်ထွက် တောင်းဆိုမှုများ ပေါ်ပေါက်ပြီးနောက် အလုပ်ဖြုတ်ခံရသူ အမျိုးသမီး အလုပ်သမား ၁၉ ဦးကို အလုပ်ပြန်ခန့်အပ်ရန် သဘောတူလိုက်ပြီဟု ရေထွက်လုပ်ငန်းကုမ္ပဏီတစ်ခု ဖြစ်သည့် Gallant Ocean မှ စက်ရုံမန်နေဂျာ ဦးကျော်လင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ သူတို့တောင်းဆိုတာပြေလည်သွားပါပြီ ခင်ဗျား။ အလုပ်ဖြုတ်ခံရတဲ့သူက ၂၀ ဦး မဟုတ်ပါ။ အခု ၁၉ ဦးပါ။ ၁၉ ဦးစလုံးကို ပြန်လည် အလုပ်ခန့်ဖို့ ကျွန်တော်တို့ သဘောတူလိုက်ပါပြီ။ အခုဘဲ အလုပ်သမားညွန်ကြားရေးဦးစီဌာနဲ့ အလုပ်ပြန်ခန့်ဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါပြီ ” ဟု သူ ဦးကျော်လင်းက ပြောကြားသည်။

ယနေ့နံနက် ၉ နာရီကျော်မှ စတင်ပြီး ရေထွက်လုပ်ငန်းကုမ္ပဏီတစ်ခု ဖြစ်သည့် Gallant Ocean မှ အမျိုးသမီး အလုပ်သမား ၂၄၀ ခန့်သည် သူတို့နှင့် ဘ၀တူ အမျိုးသမီး ၁၉ ဦး အလုပ်ဖြုတ် ခံရသဖြင့် အလုပ်သမားညွန်ကြားရေးဦးစီဌာ(ရခိုင်ပြည်ရုံး) အထိ လမ်းလျှောက်ချီတာကာ အလုပ်သမများ အလုပ်ဖြုတ်ခံရမှု အပေါ် ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုကြခဲ့သည်။

“ ကျွန်တော်တို့လည်း ဖြုတ်ချင်လို့ မဟုတ်ပါဘူး။ စက်ရုံလုပ်ငန်းကလည်း အရင်လို မလည်ပတ်တော့ တစ်ချို့ အလုပ်သမား အရေအတွက်က လျော့ရမယ် အနေအထားကို ရောက်လာပါတယ်။ သူတို့က လုပ်ခ သုံးလစာ လျော်ကြေးပေးရမယ် တောင်းဆိုတော့ ကျွန်တော်လည်း ဒီလို မထူးဘူးဆိုပြီး အလုပ်ပြန်ခန့်ဖို့ သဘောတူလိုက်တာပါ” ဟု မန်နေဂျာ ဦးကျော်လင်းက ပြောကြားသည်။

အလုပ်ဖြုတ်ပြီးမှ ပြန်လည် ခန့်အပ်ခံရသည့် အမျိုးသမီးများမှ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာ၊ ကျေးတော၊ ရွာသာယာ စသည့် ကျေးရွာများမှ မိန်းခလေးများ ဖြစ်ကြသည်ဟုသိရသည်။

Narinjara
https://www.facebook.com/Narinjara
လမ်းပေါ်ထွက် တောင်းဆိုမှု ပေါ်ပေါက်ပြီးနောက် အလုပ်ဖြုတ်ခံရသူ အမျိုးသမီးများကို အလုပ်ပြန်ခန့် လမ်းပေါ်ထွက် တောင်းဆိုမှု ပေါ်ပေါက်ပြီးနောက် အလုပ်ဖြုတ်ခံရသူ အမျိုးသမီးများကို အလုပ်ပြန်ခန့် Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.