တာချီလိတ်ရွှေတိဂုံစေတီပေါ်မှာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်ထားတဲ့ ငြမ်းနှင့် ဖျာချပ်အချို့မီးလောင်မှုဖြစ်ပွား


တာချီလိတ်၊ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရွှေတိဂုံ စေတီတော် မြတ်ကြီးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နံနက် (၄)နာရီ အချိန်ခန့်က ရွှေသင်္ကန်း ကပ်လှူရန် ဆင်ထားတဲ့ ငြမ်းတိုင်မှတဆင့် ဖျာချပ် အချို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါဖြစ်စဉ်မှာ တာချီလိတ်ရွှေတိဂုံစေတီတော်မှာ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် ဆင်ထားတဲ့ ငြမ်းတိုင်ရဲ့ ခြေရင်းရှိ အမှိုက် များမှတဆင့် မီးစတင် လောင်ကျွမ်းခဲ့ တာဖြစ်ပြီး၊ မီးလောင်မှု ဖြစ်ပွား ကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်၊ တာဝန်မှူးရဲအုပ် ခင်မောင်ဝင်း တို့ပါဝင်တဲ့ ရဲတပ်ဖွဲ့ ဝင်များ၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးထွန်းနိုင်ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာချီလိတ် နာရေး ကူညီမှုအသင်းမှ ဦးလှမိုး နှင့်အဖွဲ့တို့က သွား ရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ (၄) နာရီ (၁၅)မိနစ်အချိန်ခန့်က မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

ယခု မီးလောင်မှုကြောင့် ငြမ်းတွင်ကာရံထားတဲ့ ဖျာချပ်အချို့ မီးလောင်ကျွမ်းခဲ့ကာ အဆိုပါ မီးလောင်းမှု နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေး လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း - ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာချီလိတ်ရွှေတိဂုံစေတီပေါ်မှာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်ထားတဲ့ ငြမ်းနှင့် ဖျာချပ်အချို့မီးလောင်မှုဖြစ်ပွား တာချီလိတ်ရွှေတိဂုံစေတီပေါ်မှာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်ထားတဲ့ ငြမ်းနှင့် ဖျာချပ်အချို့မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.