ပုသိမ်တက္ကသိုလ်သင်္ချာဌာန စာရေးမလေးကို ဖခင်အရင်းဖြစ်သူက ရက်စက်စွာ သတ်ဖြတ်မှု


ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်တက္ကသိုလ်သင်္ချာဌာန စာရေး မနီလာဝင်း ( ခ ) နီလာခိုင် ပုသိမ်သင်္ဘောကျဉ်းရပ် ရေသိုးကုန်းနေအိမ်မှာ ဖခင်အရင်းဖြစ်သူက ရက်စက်စွာ သတ်ဖြတ်မှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က ရဲတပ်ဖွဲ့၏ ပူပေါင်းဆောင်ရွက်မှုကြောင့် တရားခံအား ဖော်ထုတ်နိုင် ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့် တွင် ရေသိုးကုန်းကျေးရွာနေ မနီလာဝင်းသည် နေအိမ်ရှိ ရေအိမ်သာထဲတွင် ဒဏ်ရာများနှင့် ရက်စက်စွာ အသတ်ခံရကြောင်း ဖခင်ဖြစ်သူမှ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။

အခင်းဖြစ်စဉ်နှင့် ပတ်သတ်သည်များကို ဖခင်ဖြစ်သူ ဦးမောင်ပုအား ရဲတပ်ဖွဲ့မှ မေးမြန်းရာ မသင်္ကာဖွယ်ရာ အထောက်အထားများ တွေ့ရှိရသည့်အတွက် သက်သေခံပစ္စည်းများဖြစ်သော ပုဆိုး အင်္ကျီ၊ ဓါး ၊ ရဲဒင်းစသည်တို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဓာတုဗေဒသို့ စစ်ဆေးအတည်ပြု ချက် ရယူခဲ့ပါသည်။

ဓာတုဗေဒ စစ်ဆေးအတည်ပြုချက်အရ ပုဆိုး၊ ရဲဒင်းတို့တွင် လူသွေးများ တွေရှိရသည့် အတွက် ဖခင်ဖြစ်သူ အားစစ်ဆေးရာ သူကိုယ်တိုင် သတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က ရဲစခန်းတွင် ဝန်ခံဖြောင့်ချက်ပေး ခဲ့သည့်အတွက် ဖခင်ဖြစ်သူဦးမောင်ပုအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

သစ်ထူးလွင်

ပုသိမ်တက္ကသိုလ်သင်္ချာဌာန စာရေးမလေးကို ဖခင်အရင်းဖြစ်သူက ရက်စက်စွာ သတ်ဖြတ်မှု ပုသိမ်တက္ကသိုလ်သင်္ချာဌာန စာရေးမလေးကို ဖခင်အရင်းဖြစ်သူက ရက်စက်စွာ သတ်ဖြတ်မှု Reviewed by THITHTOOLWIN on 13:04 Rating: 5
Powered by Blogger.