ဖားကန့်မြို့နယ်၌ ကျောက်ကမ်းပါးယံပြိုကျရာမှ ကျောက်ခဲထိမှန်၍ အမျိုးသား ၂ ဦးသေဆုံး


၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၁၇၀၀ အချိန်ခန့် က ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မော်ဝမ်းလေး ကျေးရွာအနီး ယူနတီကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်ပေ ၁၅၀ ခန့်ရှိ ကျောက်ကမ်းပါးယံမှ ကျောက်ခဲများပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား (၂)ဦး ကျောက်ခဲထိမှန် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

 ရေမဆေးကျောက်ရှာဖွေနေသူ ဦးမြင့်ဆွေ (၄၀) နှစ် အပါအ၀င် အမျိုးသား ၂ ဦးအား ကျောက်ခဲထိမှန်ပြီး ပါးစပ်၊နှာခေါင်း သွေးထွက်၊ ယာဦးခေါင်း၊ ပုခုံးပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးသွား၍ ၁၈၄၅ အချိန်တွင် ဖားကန့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၂၀၁၅ အချိန်တွင် ဖားကန့်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁၃/၂၀၁၈)ရေးဖွင့် စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သစ်ထူးလွင်
ဖားကန့်မြို့နယ်၌ ကျောက်ကမ်းပါးယံပြိုကျရာမှ ကျောက်ခဲထိမှန်၍ အမျိုးသား ၂ ဦးသေဆုံး ဖားကန့်မြို့နယ်၌ ကျောက်ကမ်းပါးယံပြိုကျရာမှ ကျောက်ခဲထိမှန်၍ အမျိုးသား ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 12:29 Rating: 5
Powered by Blogger.