ရွှေကျင်မြို့နယ်တွင် ရဲတပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ ဒုံဇရစ်နယ်မြေရဲစခန်းဝန်းအတွင်း ဖေဖော်ဝါရီ (၁၃)ရက် နေ့လယ်က ရဲတပ်သားအချင်းချင်းစကားများရာကနေ ဓားဖြစ်ထိုးမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

 ဖြစ်စဉ်ကတော့ ဒုံဇရစ်နယ်မြေရဲစခန်းဝန်းအတွင်းရှိ လူပျိုဆောင်မှာ ရဲတပ်သားတစ်ဦး ကင်းတာဝန်ပြီးဆုံးချိန်အနားယူနေစဉ် နောက်ထပ် ရဲတပ်သားတစ်ဦးအရက်သေစာ သောက်စားကာ ရောက်ရှိလာပြီး စကားများရန်ဖြစ်ခဲ့ပါတယ်။

 စကားများရန်ဖြစ်ရာက အရက်သောက်လာသူက အဆောင်မှာနားနေသူကို ဟင်းချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ကြက်သွန်လှီးဓား(စတီးဓား)နဲ့ ထိုးလိုက်ရာ ညာဘက်လက်ပြင် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

 ညနေ(၄)နာရီခွဲခန့်မှာ ရွှေကျင်မြို့ ကုတင်(၁၀၀)ဆေးရုံမှာ ရဲဆေးစာနဲ့စိုးရိမ်ရတဲ့ အတွင်းလူနာ အဖြစ်ဆေးကုသမှု ခံယူခဲ့ပြီး ညနေ(၆)နာရီခန့်မှာတော့ ကုတင် (၁၀၀) ဆေးရုံကနေ ပဲခူးမြို့ပြည်သူ့ဆေးရုံကို လွဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓားနဲ့ထိုးသူ ရဲတပ်သားကို ရွှေကျင်မြို့နယ် ဒုံဇရစ်နယ်မြေရဲစခန်းက(ပ)၆/၂၀၁၈ရာဇသတ်ကြီးပုဒ်မ ၃၂၆နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဒုံဇရစ်နယ်မြေရဲစခန်းရဲမှတ်တမ်းအရ သိရပါတယ်။ ဒီသတင်းကို ဇော်မျိုး(ရွှေကျင်)ကပေးပ်ု့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/
ရွှေကျင်မြို့နယ်တွင် ရဲတပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ပွား ရွှေကျင်မြို့နယ်တွင် ရဲတပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.