ရဲတပ်သားတစ်ဦးအား ဆိုင်ကယ်စီးလာသူများမှ ဓားနှင့်ထိုးပြီး ဝိုင်းဝန်းရိုက်နှက်


မိုးညို ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့နယ် နှမ်းကုန်း ကျေးရွာအုပ်စု နှမ်းကုန်းကျေးရွာ လမ်းမပေါ်တွင် ရဲတပ်သားတစ်ဦး အား ဆိုင်ကယ်စီးလာသူများက ဓားနှင့်ထိုးပြီးဝိုင်းဝန်းရိုက်နှက်သည့် အမှုတစ်ခု  ဖေဖော်ဝါရီ ၁၄ ရက်နေ့ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ထိန်တောနယ်မြေ ရဲစခန်းမှ ရဲတပ်သားတင်မိုးမင်း ပိုင်သည် ရဲတပ်သားသစ်စုဆောင်း ရန်စခန်းမှူး၏တာဝန်ပေးချက်အရ ၄င်း၏ဇာတိရွာနှမ်းကုန်းကျေးရွာ သို့ ထွက်ခွာလာစဉ် နှမ်းကုန်းရွာ ထိပ်ကားလမ်းမသို့ ရောက်ရှိစဉ် ထိန်တောကျေးရွာဘက်မှ မောင်း နှင်လာသော ဆိုင်ကယ်နှစ်စီးမှ ဘုန်းသက်ပိုင်(၁၈ နှစ်)၊ ကိုကို(ခ) ဖြိုးကျော်သူ(၁၈ နှစ်)၊ တိုးတက် အောင်(၁၈ နှစ်)၊ ထက်ဝေယံ(၁၇ နှစ်) ထိန်တောကျေးရွာနေသူတို့ စီးနင်းလာပြီး ညကလှည့်ကင်းတွင် ဆိုင်ကယ်အရှိန်ပြင်းစွာမောင်းနှင် လာ၍ သတိပေးသည်ကိုမကျေနပ် ဟုဆိုကာ ဘုန်းသက်ပိုင်ကလက် တွင်အသင့်ပါလာသော ဓားမြှောင် ဖြင့်ထိုးပြီး ကျန်သုံးယောက်မှ ဝိုင်းဝန်းရိုက်နှက်ကြသဖြင့် ရဲတပ် သားတင်မိုးမင်းပိုင်၏ ယာဘက် နားတွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာဘက်နံစောင်းတွင် ပြတ်ရှ ဒဏ်ရာတစ်ချက်၊ နောက်ကျော ဘက်တွင်ပွန်းပဲ့ဒဏ်ရာများ အသီး သီးရရှိပြီး အနီးရှိလူများက ဝိုင်း ဝန်းဆွဲ၍ ဘုန်းသက်ပိုင်ပါလေး ဦးတို့သည် လက်ပံတန်းမြို့နယ် ခမုံကျေးရွာဘက်သို့ ဆိုင်ကယ် များဖြင့်ထွက်ခွာသွားကြောင်းနှင့် ဒဏ်ရာရရှိသူအားအနီးအနားရှိ လူများက ထိန်တောတိုက်နယ်ဆေး ရုံသို့ပို့ဆောင်ပေးခဲ့သည်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက် ၍ ၄င်းအားဓားဖြင့်ထိုးပြီးဝိုင်းဝန်း ရိုက်နှက်သူများအား ဥပဒေအရ အရေးယူပေးပါရန် ရဲတပ်သားတင် မိုးမင်းပိုင်မှတရားလိုပြုလုပ်တိုင်တန်း သဖြင့် ထိန်တောနယ်မြေရဲစခန်း (ပ)၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၅/၁၁၄ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)
The Union Daily
https://www.facebook.com/uniondaily.net/
ရဲတပ်သားတစ်ဦးအား ဆိုင်ကယ်စီးလာသူများမှ ဓားနှင့်ထိုးပြီး ဝိုင်းဝန်းရိုက်နှက် ရဲတပ်သားတစ်ဦးအား ဆိုင်ကယ်စီးလာသူများမှ ဓားနှင့်ထိုးပြီး ဝိုင်းဝန်းရိုက်နှက် Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.