အင်ဒိုနီးရှားနိုင်ငံ မှာ ချစ်သူများနေ့ ကျင်းပသူများ အဖမ်းခံရ


အင်ဒိုနီးရှားနိုင်ငံ မြို့ ကြီးတချို့မှာ ချစ်သူများနေ့Valentine’s Day ကို ကျင်းပခွင့်မရဘဲ ရဲတပ်ဖွဲ့ဝင်တွေက တားစီးနေတာကြောင့်၊ မွတ်စလင်လူများစုနေတဲ့နိုင်ငံမှာ ချစ်ခွင့်ဆိုတာမရှိပါလို့ ဝေဖန်သူတွေက ပြောဆိုနေကြပါတယ်။

ချစ်သူများနေ့ကို ပိတ်ပင်တာမှာ ဂျာကာတာမြို့ တော်မပါပေမဲ့၊ အင်ဒိုနီးရှားနိုင်ငံရဲ့  ဒုတိယအကြီးဆုံးမြို့ တော် Surabaya မှာ ဒီနေ့ ချစ်သူများနေ့ဆင်နွှဲနေတဲ့ စုံတွဲ နှစ်ဒါဇင်လောက်ကို ရဲက ဖမ်းလိုက်ပါတယ်။

သူတို့ကို ဒါဏ်ရိုက်ပြီးမှ ပြန်န်လွှတ်ဖွယ်ရှိနေပါတယ်။ အလားတူ ကမ္ဘာလှည့် ခရီးသည်တွေအလာများတဲ့ကျွန်းက Mataram မြို့ မှာလည်း စုံတွဲတွေကို လိုက်ဖမ်းနေသလို Sulawesi ကျွန်းမှာလည်း ချစ်သူများနေ့ အခမ်းအနားတွေ လုပ်ခွင့်မရပါဘူး။ အဲဒီကျွန်းမှာ လွန်ခဲ့တဲ့ နှစ်တွေကလည်း ပိတ်ပင်ထားပြီး အဖမ်းအဆီးတွေရှိခဲ့ပါတယ်။

အင်ဒိုနီးရှားတနိုင်ငံလုံးမှာ မြို့ ကြီး ၁၀ မြို့ ခန့် အာချေးပြည်နယ်တို့မှာ ချစ်သူများနေ့ကို ပိတ်ထားပါတယ်။ ချစ်သူများနေ့နဲ့ ပတ်သက်ပြီး နိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာရေးဆရာများက အနောက်တိုင်းကလာတဲ့ စာရိတ္တယိုယွင်းမှုအဖြစ် ခါးခါးသီးသီး ရှုမြင်ပေမဲ့ သာမန်အလယ်အလတ် ကိုးကွယ် ယုံကြည်မှုရှိသူအများစုကတော့ အဲသလိုရှုမြင်ခြင်းမရှိကြပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese
အင်ဒိုနီးရှားနိုင်ငံ မှာ ချစ်သူများနေ့ ကျင်းပသူများ အဖမ်းခံရ အင်ဒိုနီးရှားနိုင်ငံ မှာ ချစ်သူများနေ့ ကျင်းပသူများ အဖမ်းခံရ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.