နေအိမ်တံခါးဖျက်ဆီးပြီး ပစ္စည်းခိုးရန်ကြံသူကို ကြိုးတုပ်ရိုက်ရာမှ သေဆုံးမှုဖြစ်


တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရှိ တထာဂတသာဝက တောရကမ္မဌာန်းကျောင်းသို့ လာရောက်လည်ပတ်ရင်း ကျောင်းအနောက်ဘက်ကပ်လျက်ရှိနေအိမ်မှ တံခါးအား ဖျက်ဆီးကာ ပစ္စည်းများခိုးယူရန်ကြံစည်သူ ဇော်ထွန်းဦး(အသက်၃၅နှစ်) အား တောရကျောင်းထိုင်ဘုန်းကြီးနှင့်ကပ္ပိယတို့က ကြိုးဖြင့်တုပ်ပြီး သစ်ကိုင်း၊ကြေးစည်တုတ်တို့ဖြင့် ရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ဖေဖော်ဝါရီလ၂၁ရက် မနက်၉နာရီအချိန်က ဇော်ထွန်းဦး(ကံသာရပ်ကွက်နေသူ)သည် အဆိုပါဘုန်းကြီးကျောင်းသို့ အလည်ရောက်ရှိနေရာမှ ဒေါ်စန္ဒာဌေး ဆိုသူ၏ နေအိမ်တံခါးကို ဖျက်ဆီးပြီး ပစ္စည်းခိုးယူရန်ကြံစည်နေသည်ကို တောရကျောင်းးထိုင်ဘုန်းကြီးနှင့် ကပ္ပိယတို့ကတွေ့ရှိခဲ့သည်ဟုဆိုသည်။ သို့ဖြစ်ရာ ဇော်ထွန်းဦးအား ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးနန္ဒပတိနှင့် ကပ္ပိယစိုင်းဝဏ္ဏတို့က ကျောင်းအတွင်းခေါ်ဆောင်ပြီး လက်နှစ်ဖက်အား ၀ါယာကြိုးဖြင့်တုပ်နှောင်ကာ အရှည်၎ပေခန့်ရှည်ပြီးလုံးပတ်၁လက္မခွဲခန့်ရှိ ချယ်ရီသစ်ကိုင်းအစို တစ်ချောင်းနှင့် အရှည်၂ပေ ခန့် လုံးပတ် ၃လက်မခန့်ရှိ ကြေးစည်ထုသည့်တုတ်တို့ဖြင့် ရိုက်နှက်ခဲ့သည်။ ထိုသို့ရိုက်နှက်နေခဲ့သည်ကိုလည်း ဘုန်းကြီးကျောင်း အနီးနေသူ ၂ဦးက တွေ့မြင်ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ရိုက်နှက်နေရာ နေ့လည် ၃နာရီခန့်တွင် ဇော်ထွန်းဦးသည် ဒဏ်ရာများဖြင့် လဲကျသွားရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက စစ်ဆေးသိရှိရသဖြင့် ပြစ်မှုကျူးလွန်သူ၂ဦးအား တောင်ကြီးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က/၃၀၂/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။

သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal/
နေအိမ်တံခါးဖျက်ဆီးပြီး ပစ္စည်းခိုးရန်ကြံသူကို ကြိုးတုပ်ရိုက်ရာမှ သေဆုံးမှုဖြစ် နေအိမ်တံခါးဖျက်ဆီးပြီး ပစ္စည်းခိုးရန်ကြံသူကို ကြိုးတုပ်ရိုက်ရာမှ သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 23:50 Rating: 5
Powered by Blogger.