မြန်မာကထွက်ပြေးသွားသူ ဘင်္ဂလီများအကြားသတ်ဖြတ်မှုများ ဆက်လက်ပေါ်ပေါက်နေ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွင် ခိုလုံနေသည့် အသက် (၅၀) အရွယ် ဘင်္ဂလီလူကြီး တစ်ဦးကို လူဆိုးအုပ်စု တစ်ခုမှ ဓါးဖြင့်ထိုးသတ်သွားကြောင်း The Daily Star သတင်းတွင် ဖော်ပြသည်။

အသတ်ခံရသူမှာ ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်ရှိ ဘာလူခါလီ ဒုက္ခသည်စခန်း အကွက် အမှတ်( ဒီ)မှ ယာဆုအာလီ (၅၀) နှစ်ဖြစ်ကြောင်းသိရသည်။

သူသည် စခန်းထဲရှိ ဗလီတွင် အီမန် (ဘာသာရေးခေါင်းဆောင်) အဖြစ် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပြီး တနင်္လာနေ့ နံနက် အစောကြီး စခန်းမှ ဗလီသို့ ၀တ်ပြုရန်သွားရောက်စဉ် အမည်မသိ လူတစ်စု၏ တိုက်ခိုက်ခြင်းကို ခံရပြီး ဓါးဖြင့် ထိုးသတ်သွားသဖြင့် ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု အိုကီးယား ရဲစခန်းမှ ရဲအုပ် Abul Khayer ပြောကြောင်း သတင်းတွင် ရေးသားထားသည်။

အလားတူ လွန်ခဲ့သော တနင်္လာနေ့ ညနေပိုင်းကလည်း အိုကီးယားမြို့နယ် Thaingkhali နယ်မြေရှိ ဒုက္ခသည်စခန်းမှ ဘင်္ဂလီ တစ်ဦးကို အမည်မသိအုပ်စု တစ်ခုမှ သေနတ်ဖြင့် ပစ်သတ်သွားသွားကြောင်း သတင်းတွင် ရေးသားထားသည်။

သေဆုံးသူမှာ ဘင်္ဂလီခေါင်းဆောင် အမ်းဒီ ယူစွတ် (Md Yusuf) ၃၅ နှစ်ဖြစ်ပြီး ဒုက္ခသည် စခန်း Tajnimar Khola အကွက် (၂)မှ ဖြစ်ကြောင်း သိရသည်။

၎င်းညဥ့်တွင်ပင် တစ်ခြား ဒုက္ခသည် စခန်းထဲမှ လူကြီး တစ်ဦးဖြစ်သူ အာရစ် အူလာ (Arif Ullah) အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသူ အမ်းဒီ ( Md Alam) ကို ပစ္စတိုတစ်လက်နှင့် အတူ စခန်းထဲမှ လူများက ၀ိုင်းဖမ်းမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ