ပတ်ဝန်းကျင်သမား သတ်ဖြတ်ခံရ


ဆင်စွယ်နဲ့ကြံချိုရောင်းဝယ်ကုန်သွယ်နေတာတွေကို ဆယ်စုနှစ်တွေချီပြီး စုံစမ်းဖော်ထုတ်နေတဲ့ ကင်ညာနိုင်ငံ အခြေစိုက် အမေရိကန် ပတ်ဝန်းကျင်ဝါဒီ Esmond Bradely Martin ဟာ နိုင်ရိုဘီမြို့က နေအိမ်မှာ ဓားဒဏ်ရာနဲ့သေဆုံးနေတာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့တနင်္လာနေ့က ပြောပါတယ်။

အသတ်ခံရချိန်မှာ မြန်မာနိုင်ငံအကြောင်း သုတေသနလုပ်နေတယ်လို့လည်း အေပီသတင်းက ဖော်ပြပါတယ်။
လည်ပင်းဓားနဲ့အထိုးခံရပြီး အိပ်ရာပေါ်မှာ သေဆုံးနေတာကို ဒီလ ၄ ရက်နေ့မှာ မိသားစုဝင် တယောက်ကတွေ့ရတာလို့ နိုင်ရိုဘီမှုခင်းစုံစမ်းရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ အသက် ၇၅ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ Bradely Martin ဘာအကြောင်းကြောင့် အသတ်ခံရတယ်ဆိုတာ မသိရသေးပေမဲ့ သူဒီလို အသတ်ခံရတဲ့ သတင်းကြောင့် နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ တုန်လှုပ်သွားကြပါတယ်။

သူဟာ တခါတရံ အန္တရာယ်ကြားကပဲ တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေကို ပစ္စည်းဝယ်တဲ့လူ အယောင်ဆောင်သွားတတ်ပြီး ကုန်သည်တွေ အရောင်းအ၀ယ်လုပ်သူတွေဆီက တန်ဖိုးရှိလှတဲ့ သတင်းအချက်အလက်တွေရရှိလာပါတယ်။

ဒီလို သတင်းရဖို့ဆိုရင် အဝေးလံဆုံးနေရာတွေထိ ခရီးဆန့်နိုင်သူလည်း ဖြစ်ပြန်ပါတယ်။ သူ့အိမ်ဟာ နိုရိုဘီမြို့ဆင်ခြေဖုံးမှာရှိပြီး လုံခြုံရေးအတားအဆီးတွေနဲ့ လမ်းမကြီးတွေမှာ လုံခြုံရေး အစောင့်တွေရှိပေမဲ့ တချို့က ခြံကြီးဝင်းကြီးတွေနဲ့ နေကြတာမို့ ကျူးကျော်ဝင်ချင်သူတွေ ၀င်နိုင်ပြန်ပါတယ်။
အာဖရိကဆင်စွယ်နဲ့ ကြံ့ချိုတွေကို နိုင်ငံတကာက၊ အထူးသဖြင့်အာရှက အများဆုံး ၀ယ်ယူကြတဲ့အတွက် ဆင်တွေ၊ ကြံ့တွေ အလုံးအရင်းနဲ့ အသတ်ခံရပြီး လာအိုဟာ ကမ္ဘာမှာ ဆင်စွယ်အရောင်းအ၀ယ်အမြန်ထွန်းကားလာတဲ့ နိုင်ငံဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပတ်ဝန်းကျင်သမား သတ်ဖြတ်ခံရ ပတ်ဝန်းကျင်သမား သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.