ရွေးကောက်ပွဲ အချိန်မဆွဲဖို့ ထိုင်း အစိုးရကို တောင်းဆိုကြ


ထိုင်းနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းရောက်ရင် ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အချိန်မဆွဲဖို့ လူ ၄၀၀ လောက်ဟာ ဘန်ကောက်မြို့ ဒီမိုကရေစီကျောက်တိုင်မှာ မနေ့ စုဝေးကြပြီး စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ခဏခဏရွှေ့ဆိုင်းပြီး နောက်ဆုံးတခေါက်မှာတော့ နိုဝင်ဘာလမှာ ကျင်းပဖို့ ၂၀၁၄က အာဏာသိမ်းတဲ့ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ၀န်ကြီးချုပ် ပရာယုဒ်ချန် အိုချာက သတ်မှတ်ပေးထားပါတယ်။

ဒါပေမဲ့ ပါလီမန်ကနေ ရွေးကောက်ပွဲဥပဒေကို ပြီးခဲ့တဲ့လက အပြောင်းအလဲလုပ်လိုက်တာဟာ ဒီနှစ် နိုဝင်ဘာလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ၂၀၁၉ နှစ်ဦးပိုင်းကို ရွှေ့မယ့်သဘော သက်ရောက်သွားပါတယ်။ ဒိအတွက် အရပ်သားအစိုးရအမြန်ပြောင်းဖို့တိုက်တွန်းနေတဲ့ အဖွဲ့တွေ ပိုလို့ မကျေမနပ်ဖြစ်ရပါတယ်။

မနေ့ကတော့ ဒီမိုကရေစီကျောက်တိုင် တ၀ိုက်မှာ အာဏာပိုင်တွေက စည်းရိုးတွေချထားပြိး သတ်မှတ်နေရာမှာ လူစုခွင့်ပေးပါတယ်။
ဒီဆန္ဒပြပွဲမတိုင်ခင် တရက်အလိုမှာ နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကို ရဲက ဖမ်းဝရမ်းထုတ်လိုက်ပြီး မနေ့က တယောက်ကို ဖမ်းပေမဲ့ နောက် သုံးယောက်ကတော့ ဆန္ဒပြပွဲဝင်ဆင်နွှဲပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရွေးကောက်ပွဲ အချိန်မဆွဲဖို့ ထိုင်း အစိုးရကို တောင်းဆိုကြ ရွေးကောက်ပွဲ အချိန်မဆွဲဖို့ ထိုင်း အစိုးရကို တောင်းဆိုကြ Reviewed by THITHTOOLWIN on 08:04 Rating: 5
Powered by Blogger.