ဘုတ်ပြင်းမြို့တွင် တရားမ၀င် ၀င်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး သေနတ်နှင့်အတူ ဖမ်းဆီးရမိ


ဘုတ်ပြင်း ဖေဖေါ်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ၊ ထောင်စုံမဟက်ကျေးရွာအုပ်စု၊ချောင်းတာစူးကျေးရွာတွင် ဖေဖေါ်ဝါရီ လ ၇ ရက်နေ့ ညပိုင်း က တရားမ၀င် ၀င်ရောက်လာသည့် ထိုင်းနိုင်ငံသား တစ်ဦးမော်တော်ယာဉ်တစ်စီး ၊ ပစ္စတိုသေနပ်တစ်လက် ၊ ကျဉ်ဆံများ နှင့် အတူဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာအဆိုပါနေ့ က ဘုတ်ပြင်းမြို့နယ်၊ထောင်စုံမဟက်ကျေးရွာ အုပ်စု၊ချောင်းတာစူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ထိုင်းနိုင်ငံသား တစ်ဦးတရားမ၀င် ရောက်ရှိနေကြောင်းသတင်းအရဒေသ တာဝန်ရှိ အဖွဲ့အစည်း များပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေစုံစမ်းရာထိုင်းနိုင်ငံ ၊ ချွန်ဖွန်းမြို့ တွင်နေထိုင်သည့် အသက်(၄၇)နှစ်အရွယ် အန်ဖိုင် ဆိုသူအားတွေ့ရှိရသဖြင့်စစ်ဆေးရာ၎င်းနှင့်အတူသြစတြီးယားနိုင်ငံလုပ် GLOCK အမျိုးအစား ၉မမ အနက်ရောင် ပစ္စတိုတစ်လက် (ကျည်အိမ် တပ်လျှက်) ကျည်ဆံ၅ တောင့်၊ ကျည်ဆံ ၁၀ တောင့်ပါ ကျည်အိမ် အပိုတစ်ခု၊ ထိုင်းနိုင်ငံလိုင်စင်တပ် တရားမဝင်တိုယိုတာဟိုင်းလပ် ဒါဘယ်ကပ် (ခဲရောင်) ကားတစ်စီး၊ ထိုင်းမှတ်ပုံတင်ကဒ်ပြားတို့နှင့်အတူ စစ်ဆေးဖမ်းဆီးရမိခြင်းဖြစ်သည်။


အဆိုပါထိုင်းနိုင်ငံသားသည် လွန်ခဲ့သည့်(၁၀)ရက်ခန့် က မော်တော် ယာဉ်မောင်းနင်ကာထိုင်းမြန်မာနယ်စပ် ရွာဟေ့လူစခန်း ၏တောင်ဖက် (၅)မိုင်ခန့်အကွာမှ နယ်စပ်မျဉ်းကိုတရားမ၀င်ဖြတ်ကျော် ၀င်ရောက်လာခဲ့ခြင်းဖြစ် ပြီးလက်နက်နှင့်အတူဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားအန်ဖိုင်(၄၇)နှစ်အားဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ၊ ပို့ကုန်သွင်းကုန် ပို့/သွင်းပုဒ်မ -၈ ၊ လ၀ကအက်ဥပဒေပုဒ် မ များဖြင့် တရားစွဲဆိုဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ဘုတ်ပြင်း(ပြန်/ဆက်)
https://www.facebook.com/MYANMAALINNNEWS/
ဘုတ်ပြင်းမြို့တွင် တရားမ၀င် ၀င်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး သေနတ်နှင့်အတူ ဖမ်းဆီးရမိ ဘုတ်ပြင်းမြို့တွင် တရားမ၀င် ၀င်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး သေနတ်နှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.