ခရီးသယ်တင်ယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် အိတ်များ သိမ်းဆည်းရမိ


ကာမိုင်း - ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ ကာမိုင်းမြို့ လဝါးကျေးရွာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ၈ရက် နံနက်၉နာရီက ခရီးသည်တင် Express ၆ဘီးယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ်အိတ်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကာမိုင်းမြို့ လဝါးကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နယ်မြေခံတပ်မှလုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် မန္တလေးဘက်မှ ဖားကန့်ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်နေ မောင်မောင်(၂၉)နှစ် မောင်းနှင်လာသည့် မနောမန္တလာမြေယာဉ်လိုင်းမှ ခရီးသည်တင် Express ၆ဘီး ယာဉ်အမှတ် 2C(----)အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း တရားမဝင်သိုဝှက် သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ်(၁၁၀)အိတ် အလေးချိန်(၅၀၄၀)ကီလိုအား သိမ်းဆည်းရမိ၍ မောင်မောင်အား ကားမိုင်းနယ်မြေရဲစခန်းတွင် ဓာတုဗေဒပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအန္တရာယ်မှ ကာကွယ်တားဆီးရေး ပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခရီးသယ်တင်ယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် အိတ်များ သိမ်းဆည်းရမိ ခရီးသယ်တင်ယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် အိတ်များ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.