တာပိန်မြစ်ပေါ်ဆောက်ထားသည့် ပေပေါင်း ၁၇၀၀ ကျော်ရှည်သည့် ၀ါးတံတား


ဒီတံတားဟာ ဗန်းမော်မြို့နယ် စင့်ကင်စံပြကျေးရွာနဲ့ ရွှေကျီးနား ကျေးရွားတို့ကို ဆက်သွယ်ထားတဲ့ ၀ါးတံတားရှည်ဖြစ်ပါတယ်။

ယခုဝါးတံတားကို စင့်ကင် ရွာသူရွာသားတွေက နှစ်စဉ် နိုဝင်ဘာလတွင် တည်ဆောက်လျှက်ရှိပါတယ်။ ဒီတစ်တံတား သက်တမ်းကတော့ နှစ်စဉ် ဒီဇင်ဘာလမှ မေလ ကုန်ထိသာဖြစ်ပါတယ်။

မေလကုန်ပြီဆိုရင်တော့ ဒီတံတားပေါ်က မသွားရတော့ပဲ မြို့နယ်အုပ်ချုပ်ရေးကနေ လေလံပေးထားတဲ့ စက်လှေများဖြင့် အခကြေးငွေပေးကာ ပြန်လည် သွားလာရပါတယ်။

မေလကုန်ပြီဆို တံတား ကောင်းနေရင်လည်း တံတားပေါ်ကနေ မသွားရတော့ပဲ စက်လှေကိုသာစီးပြီး သွားရပါတယ်။ ထိုတံတားကို ကျေးရွာပေါင်းများစွာမှ လူဦးရေ နှစ်သောင်းကျော်က ဖြတ်သန်းသွားလာ အသုံးပြုကြတာဖြစ်ပါတယ်။
ဒီတံတားကို စင့်ကင် ရွာသားတွေ ၁၉၇၅ ခုနှစ်မှ စတင်ပြီး နှစ်စဉ်နှစ်တိုင်း တည်ဆောက်လာသည်မှာ နှစ်ပေါင်း ၄၃ နှစ်ရှိပြီဖြစ်သည်။

တံတား တည်ဆောက်ရာတွင် ပါဝင်တဲ့ စင်ကင့်ရွာသားများကတော့ ဒီတံတားကို ဖြတ်ခမပေးရပါဘူး။ သို့ပယ်မယ့် တံတားဆောက်ရာတွင် မပါဝင်တဲ့ အခြားရွာသားများကတော့ လူတစ်ဦးကို ၃၀၀ ကျပ် ဆိုင်ကယ်ပါရင် ၅၀၀ ကျပ်ပေးရပါတယ်။

ငွေကောက်ခံရခြင်းသည်လည်း တံတားအား ပြုပြင်ထိန်းသိမ်းရန်နဲ့ နောက်နှစ်တံတားပြန်ဆောက်ရာတွင်အသုံးပြုဖို့ ကောက်ခံခြင်းဖြစ်ပါသည်။

Kachinwaves
https://www.facebook.com/kachinwavesnews
တာပိန်မြစ်ပေါ်ဆောက်ထားသည့် ပေပေါင်း ၁၇၀၀ ကျော်ရှည်သည့် ၀ါးတံတား တာပိန်မြစ်ပေါ်ဆောက်ထားသည့် ပေပေါင်း ၁၇၀၀ ကျော်ရှည်သည့် ၀ါးတံတား Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.