တရုတ်သမ္မတသက်တမ်း ပြင်ဆင်မှုကို ဝေဖန်ကန့်ကွက်တဲ့စာ စိစစ်ရေးဖြတ်ခံရ


သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပိုထမ်းဆောင်ခွင့်မရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တရုတ်ကွန်မြူနစ်ပါတီက ဒီလ ၂၅ ရက်က အဆိုပြုလိုက်တာကို ဝေဖန်ကန့်ကွက်တဲ့စာတွေကို သက်ဆိုင်ရာက စိစစ်ဖြတ်တောက်ဖို့ ကြိုးစားတာကို လူမှုမီဒီယာတွေက အံတုပြီး ဒီကိစ္စကို ထောက်ပြကန့်ကွက်ကြပါတယ်။

၂၀၂၃ ကျော်သွားတဲ့တိုင်အောင် ခုသမ္မတရှီကျင့်ပင်ပဲ သမ္မတဖြစ်နိုင်မယ့်အဆိုကို အမျိုးသားပြည်သူ့ကွန်ဂရက်က ရှေ့သီတင်းပတ်မှာ အတည်ပြုဖို့ကလည်း သေချာတယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

ဒါကို ကန့်ကွက်မဲပေးဖို့ အစိုးရပိုင် လူငယ်နေ့စဉ်သတင်းစာ အယ်ဒီတာဟောင်း Li Datong က အိတ်ဖွင့်ပေးစာတစောင်နဲ့ တိုက်တွန်းတာပါ။

တိန့်ရှောင်ပိန်လက်ထက် ၁၉၈၂ ခုနှစ်က ပယ်ဖျက်ခဲ့တဲ့ကိစ္စကို ကွန်မြူနစ်ပါတီကတင်တဲ့အဆိုက ပယ်ဖျက်မှာမို့ မော်စီတုံးလက်အောက် ဆယ်စုနှစ်တွေချီ ကမောက်ကဖြစ်ခဲ့တာမျိုး ပြန်မရောက်အောင် တားဆီးဖို့ ကန့်ကွက်ပါလို့ တိုက်တွန်းတာပါ။

တရုတ်နိုင်ငံက WeChat ဆိုတဲ့ အုပ်စုက ရာနဲ့ချီတဲ့လူတွေက Li Datong ရဲ့ အမှာစကားကို ဖြန့်ဝေကြပါတယ်။
လူမှုမီဒီယာမှာ အတိုက်အခံတွေရေးတဲ့ထဲ လက်မခံနိုင်ဘူးဆိုတဲ့ စာသားကိုတောင် ဆင်ဆာလုပ်စိစစ် ဖြတ်တောက်ပြီး ကန့်ကွက်တဲ့ စာသားမှန်သမျှ ဖျက်ပစ်ပေမဲ့ ဒီကြားထဲကပဲ Twitter လိုမျိုး Weibo စာမျက်နှာကနေ ဝေဖန်သံတွေ မနေ့ကထွက်လာပါတယ်။

AFP Photo
RFA Burmese
https://www.facebook.com/rfaburmese
တရုတ်သမ္မတသက်တမ်း ပြင်ဆင်မှုကို ဝေဖန်ကန့်ကွက်တဲ့စာ စိစစ်ရေးဖြတ်ခံရ တရုတ်သမ္မတသက်တမ်း ပြင်ဆင်မှုကို ဝေဖန်ကန့်ကွက်တဲ့စာ စိစစ်ရေးဖြတ်ခံရ Reviewed by THITHTOOLWIN on 11:16 Rating: 5
Powered by Blogger.