မတ်ပဲဈေးကျပြီး အထွေထွေစရိတ် မြှင့်တက်နေတာကြောင့် တောင်သူများ အရှုံးပေါ်နေ


အုတ်ဖို၊ဖေဖော်ဝါရီ ၂၆။

မတ်ပဲပေါ်ချိန် ရောက်ရှိလာသော်လည်း မတ်ပဲဈေးမှာ ကျဆင်းလာ၍ မတ်ပဲစိုက်တောင်သူများ စိုက်ပျိုးစရိတ်နှင့် သွင်အားစုများ အလုပ်သမားခများ မကျေဘဲ အရှုံးပေါ်နေသည်ဟု မတ်ပဲစိုက်တောင်သူများထံမှသိရသည်။
 “မတ်ပဲဈေးက တဖြည်းဖြည်းကျလာတယ် အရင်နှစ်က ဒီအချိန်ဆို မတ်ပဲတစ်တင်းခွဲတစ်အိတ်ကို ကျပ်၃၆၀၀၀ ဒီနှစ် ၁၈၀၀၀ ဆိုတော့ ဈေးတအားကျတယ် မတ်ပဲရဲ့ စိုက်ပျိုးစရိတ် ၊ သွင်းအားစုတွေဖြစ်တဲ့ ဆေးဖိုး မျိုးဖိုး နဲ့ လုပ်အားခက တစ်ဧကကို ကျပ်၂၀၀၀၀၀ လောက်ကုန်တယ် ။ အထွက်နှုန်းက တစ်ဧကကို တင်း၂၀နီးပါးလောက်ဘဲထွက်တော့ လုပ်အားခ မကျေဘဲ အရှုံးပေါ်နေပါတယ်”ဟု အုတ်ဖိုမြို့နယ် အောင်သပြေစမ်းရွာမှ တောင်သူဦးဋ္ဌေးကျော်မှ ပြောသည်။

အလုပ်သမား ရှားပါးနေသည့်အပြင် အလုပ်သမားဌားခ ဈေးမကျတာကြောင့် တောင်သူများ အခက်ခဲတွေ့နေကျသည်။
 “ထမင်းကျွေး စရိတ်ငြိမ်း လယ်တစ်ကြိုးကို ၇၀၀၀ ပေးဌားတာတောင် လုပ်တဲ့သူရှားတယ် အဲ့ဒီအပြင် မတ်ပဲဈေးကကျဆင်းနေလို့ ကျွန်တော်တို့ တောင်သူတွေ အရှုံးပေါ်နေပါတယ်”ဟု တောင်သူဦးပေါက်ကြီးက ရှင်းပြသည်။ မတ်ပဲကိုဆောင်းသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြရာ အုတ်ဖိုမြို့နယ် လယ်ပတောအုပ်စုတွင် မတ်ပဲစိုက်ဧက ၃၀၀၀ခန့်ရှိကြောင်း သိရှိရသည်။

ဝေဇင်ကြည်(ဇီးကုန်း)
Myae Latt Region News Agency
https://www.facebook.com/MLRnewsagency/
မတ်ပဲဈေးကျပြီး အထွေထွေစရိတ် မြှင့်တက်နေတာကြောင့် တောင်သူများ အရှုံးပေါ်နေ မတ်ပဲဈေးကျပြီး အထွေထွေစရိတ် မြှင့်တက်နေတာကြောင့် တောင်သူများ အရှုံးပေါ်နေ Reviewed by THITHTOOLWIN on 11:37 Rating: 5
Powered by Blogger.