ကား ကျော်တက်စဉ် နှစ်စီး ချိတ်ပါ သစ်ပင်တိုက် မှောက် မီးလောင် (ဓါတ်ပုံသတင်းတို)


ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့် က ပြည်ခရိုင် သဲကုန်းမြို့နယ်​ ဝက်​ပုတ်​-​ပေါင်းတလည်​ ကားလမ်း​ဘေး မိုင်​တိုင်​ ၁၅မိုင်​နှင့် ၁၆မိုင်​ကြား Honda Fit GD1 နဲ့ Light Truck ကျော်တက်စဉ် နှစ်စီး ချိတ်ပါ ယှဉ်လျက် တရွတ်တိုက် ဒေါက်လျောက်ပါပြီး သစ်ပင်ဝင်တိုက်ကာ တစ်စီးမီးလောင် တစီးပက်လက်လန် သွားကြောင်း သိရပါတယ်။

ကားမီးလောင်မှုမဖြစ်ခင် လူများအချိန်မှီ ကယ်တင်နိုင်ခဲ့ပြီး ည​နေ ၄နာရီဝန်းကျင်​ လူနာ ၃ဦး (စိုးရိမ်​ရ) သဲကုန်းဆေးရုံမှာ တင်ထားပါတယ်။

ဦးဗိတ်


ကား ကျော်တက်စဉ် နှစ်စီး ချိတ်ပါ သစ်ပင်တိုက် မှောက် မီးလောင် (ဓါတ်ပုံသတင်းတို) ကား ကျော်တက်စဉ် နှစ်စီး ချိတ်ပါ သစ်ပင်တိုက် မှောက် မီးလောင် (ဓါတ်ပုံသတင်းတို) Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.