မြ၀တီမြို့ ရဲစခန်းအားကာရံထားသော အုတ်နံရံအား ၀င်ရောက်တိုက်မိသော ယာဉ်အားစစ်ဆေးရာမှ တရားမ၀င်လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ


၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နေ့လည်(၁၂)နာရီ အချိန်ခန့်တွင် ကရင်ပြည်နယ် မြ၀တီမြို့ မြ၀တီရဲစခန်း မြောက်ဘက်တွင် ကာရံထားသော အုတ်နံရံအား ပရိုဘောက်ယာဉ်(၁)စီးမှ ၀င်ရောက်တိုက်မိသဖြင့် ကာရံထားသည့် အုတ်တံတိုင်း(၂၀)ပေ(၁)ချပ်ပြိုကျ ပျက်စီးသွားကြောင်း သိရှိရပါသည်။


ဖြစ်ပွားရာနေရာသို့ နယ်ထိန်းခေါင်းဆောင်ရဲအုပ်အောင်ချမ်းမွန်၊ အမှတ်(၇၃)ယာဉ်ထိန်းတပ်စုမှရဲအုပ်သက်ဆွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေရပ်မိ/ရပ်ဖတို့ဖြင့်သွားရောက် စစ်ဆေးရာ အုတ်တံတိုင်းမှာ ပြိုကျ ပျက်စီးနေပြီး နံပါတ်တပ် ပရိုဘောက်အဖြူရောင်ယာဉ်အား အဆိုပါအနီးတွင်တွေ့ရှိရ၍ မေးမြန်းရာ ယာဉ်မောင်းစောအေးလွင်သိန်းမှာ ရဲစခန်းအနီးမြောက်ဘက် ကားဝပ်ရှော့တွင် ယာဉ်အားပြုပြင်ပြီးနောက် ယာဉ်အားနောက်ဆုတ်ရာတွင် အရှိန်မထိန်းနိုင်ပဲ အုတ်နံရံအား ၀င်ရောက်တိုက်မိပြီး ပျက်စီးသွားခဲ့ကြောင်း ယာဉ်မောင်းပြောပြချက်အရ သိရှိရသည်။

 ယာဉ်အားသက်သေများရှေ့တွင် စစ်ဆေးရှာဖွေရာ ယာဉ်ဂီယာတံဘေးတွင် police စာတမ်းပါ အနက်ရောင် ဂျိုင်းစလွယ်သေနတ်အိတ်(၁)ခုအတွင်း ထည့်ထားသော (၉)လုံးကျည်ဖြင့် ပစ်ခတ်ရသော တစ်တောင့်ထိုး လုပ်သေနတ်အတို(၁)လက်၊ (၉)လုံးကျည်ဆံ(၅)တောင့်၊ MANBALL AUTO စာတမ်းပါ အနက်ရောင်ဗူး(၁)ဗူးတို့အား ရှာဖွေတွေ့ရှိရသဖြင့် ရဲအုပ်အောင်ချမ်းမွန်မှ ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။


တရားမ၀င် လက်နက် ခဲယမ်းကိုင်ဆောင်သူ ယာဉ်မောင်းစောအေးလွင်သိန်း (၄၃)နှစ်အား မြ၀တီမြို့မရဲစခန်းတွင် ရဲအုပ်အောင်ချမ်းမွန်မှ တရားလိုပြုလုပ်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

Nay Htoo Chit
မြ၀တီမြို့ ရဲစခန်းအားကာရံထားသော အုတ်နံရံအား ၀င်ရောက်တိုက်မိသော ယာဉ်အားစစ်ဆေးရာမှ တရားမ၀င်လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ မြ၀တီမြို့ ရဲစခန်းအားကာရံထားသော အုတ်နံရံအား ၀င်ရောက်တိုက်မိသော ယာဉ်အားစစ်ဆေးရာမှ တရားမ၀င်လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.