မန္တလေး-လားရှိုး ကားလမ်းမကြီးပေါ်၌ နွားကားများကို သောင်းကျန်းသူများက ပစ်ခတ်၊ ၃ ဦးဒဏ်ရာရရှိ


ဖေဖော်ဝါရီလ (၂၄) ရက်၊ ၀၂း၃၀ အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပစ်ရွာအနီး၊ မန္တလေး-မူဆယ် ကားလမ်းမကြီးအတိုင်း လားရှိုးဘက်သို့  နွားများတင်ဆောင်ကာ မောင်းနှင်လာသည့် ၁၂-ဘီးယာဉ် ၅-စီးတွဲအုပ်စုအား (အဖွဲ့ စိစစ်ဆဲ) သောင်းကျန်းသူများက လမ်း၏၀ဲဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နောက်ဆုံးမှ လိုက်ပါလာသည့် ၁၂-ဘီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါ တစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောပြသည်။

အဆိုပါ နွားကားများမှာ ကျော်ဇင်ညီကုမ္ပဏီလီမိတက်မှ ဖြစ်ကြောင်း၊ မွေး/ကု ဌာန၏ တိရိစ္ဆာန်များအား နေပြည်တော်(လယ်ဝေး)မှ မူဆယ်မြို့ သို့  သယ်ဆောင်ခွင့်ရရှိထားသည့် နွားထီး ၈၅ ကောင် နှင့် နွားမ ၅ ကောင်တို့ ကို ၁၂-ဘီးယာဉ် ၅-စီးဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ သောင်းကျန်းသူများ ပစ်ခတ်ခြင်းကြောင့် ၄င်းနောက်ဆုံး ယာဉ်၏ ယာဉ်နောက်လိုက် တင်ထူး၊ အသက် (၂၅) နှစ်၊ အောင်ပန်းမြို့ နေသူတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ဂျိုစောင်းအနီးပေါက်ပြဲဒဏ်ရာ၊ ၀ဲတင်ပါးပေါက်ဝင်ဒဏ်ရာ (၂) ချက် တို့ ရရှိခဲ့ကြောင်း၊ ၄င်းကို လားရှိုးမှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် Canter (၆)ဘီး အ၀ါရောင်ယာဉ်မှတွေ့ ရှိကာ
နောင်ချိုဆေးရုံသို့  ပို့ ဆောင်ပေးခဲ့ကြောင်း၊ တင်ထူး လိုက်ပါလာသည့်ယာဉ်၏ ယာဉ်မောင်းနှင့် အခြားလိုက်ပါလာသူ တစ်ဦးကို ကျောက်မဲပြည်သူ့ ဆေးရုံသို့  တာဝန်သိသူများက ပို့ ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် တင်ထူး ကို နောင်ချိုမြို့ ၊ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ယနေ့ နံနက် ၄ နာရီတွင် ပြင်ဦးလွင် ပြည်သူ့ ဆေးရုံကြီးသို့  ဆက်လက်ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကိုဘို
https://www.facebook.com/wnjlashio
မန္တလေး-လားရှိုး ကားလမ်းမကြီးပေါ်၌ နွားကားများကို သောင်းကျန်းသူများက ပစ်ခတ်၊ ၃ ဦးဒဏ်ရာရရှိ မန္တလေး-လားရှိုး ကားလမ်းမကြီးပေါ်၌ နွားကားများကို သောင်းကျန်းသူများက ပစ်ခတ်၊ ၃ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.