စီအိုင် အတုဖြင့် လေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူများကို ပြည်ဝင်ခွင့်ပိတ်မည်ဟု သံရုံးကြေညာ


ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၁၇။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်( C of I) အတုများ ပြုလုပ်၍ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိပါက ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့်ယခင်ကစီအိုင်နေ့ချင်းပြီးအခမဲ့ပြုလုပ်ပေးခဲ့ သော်လည်း စီအိုင် ရရှိ သူများတွင် မြန်မာနိုင်ငံသားဟု အတည်မပြု နိုင်သူများကိုရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှစတင်၍ မလေးရှိ ဃှု လျှောက်ထား လာသူများ ၏အချက် အလက်ကို မြန်မာနိုင်ငံသို့ပေးပို့ကာ မြန်မာနိုင်ငံသားမှန်ကန်ကြောင်းလဝက စိစစ်ထောက်ခံချက်ရရှိသူကိုသာ ပြုလုပ်ပေးမည်ဟု ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ စီအိုင်အတုများ ပြုလုပ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မှုများ ရှိလာကြောင်း သိရသည်။

“ကျွန်မတို့သံရုံးကထုတ်ပေးလိုက်တဲ့နံပါတ်နဲ့ အရင်လက ထုတ်ထားတဲ့နံပါတ်နဲ့ သွားတူနေတယ်။ အဲဒီလိုမျိုးဆိုတော့ မလေး Immigration ကနေ ကျွန်မတို့နဲ့လည်း အလုပ်ချင်းက ဆက်စပ်နေတော့ ဒီလိုမျိုးရှိတယ်ဆိုပြီး ပို့တယ်။အဲ့ဒီလိုမပို့ခင်မှာလည်း ​လေဆိပ်လ၀ကကနေ စီအိုင်အတုတွေလို့ဆိုပြီး ပို့တာရှိတယ်။တစ်ချို့ကတော့ ဒီဟာက ကျွန်​မတို့ ရုံးက လက်မှတ်အစစ်လား၊အတုလား ဘယ်သိမလဲပေါ့။အဲ့ဒီတော့ နည်းနည်းဟန့်သွားအောင်၊သံအမတ်ကြီးကလည်း တင်လိုက်ပါဆိုတာနဲ့ ပြည်ဝင်ခွင့်ပိတ် ခြင်းခံရနိုင်တယ်ဆိုပြီး ထုတ်ပြန်ကြေညာလိုက်တာဖြစ်တယ်” ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်သံရုံးမှ ပထမအတွင်းဝန် ဒေါ်မေသူဖြူ က ပြောသည်။

မလေးရှားနိုင်ငံသို့ ၀င်ရောက်လာသည့် မြန်မာလုပ်သားအများစုမှာ တရားမ၀င်လာရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သောကြောင့် ​နေရပ်ပြန်လို၍သော်လည်းကောင်း၊ကျန်းမာရေးမကောင်း၍ ​ဆေးခန်းပြလို၍သော်လည်းကောင်း အထောက်အထားမရှိသောကြောင့့် ပွဲစားများမှတစ်ဆင့် စီအိုင်ပြုလုပ်ရာမှ စီအိုင်အတုများ ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် ​နေရပ်ပြန်မည့်မြန်မာလုပ်သားများအနေဖြင့် စီအိုင်အတုများမပြုလုပ်ကြရန် အသိပေးကြေညာထားကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာသံရုံးအနေဖြင်လည်း စီအိုင်အတု၊အစစ်ခွဲခြား နိုင်စေရန်အတွက် သံရုံးတာဝန်ရှိသူများ၏ လက်မှတ်များ၊ Letter Haed များကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲနှင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနများသို့ တရားဝင် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
စီအိုင် အတုဖြင့် လေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူများကို ပြည်ဝင်ခွင့်ပိတ်မည်ဟု သံရုံးကြေညာ စီအိုင် အတုဖြင့် လေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူများကို ပြည်ဝင်ခွင့်ပိတ်မည်ဟု သံရုံးကြေညာ Reviewed by THITHTOOLWIN on 13:16 Rating: 5
Powered by Blogger.