အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ် ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ်


အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ်သာရှိသေးတဲ့ ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ်လိုက်တဲ့ ဇနီးမောင်နှံကို တရားစွဲဆိုလိုက်တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။နိုင်ငံ တောင်ပိုင်း တယ်လန်နာဂါပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အမျိုးသားတစ်ဦးဟာ ဇနီးသည်ရဲ့ နာတာရှည်ရောဂါပျောက်ကင်းအောင် မကောင်းဆိုးဝါးကို ယစ်ပူဇော်တဲ့အနေနဲ့ အခုလို ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။


 အဲဒီလို လုပ်ဆောင်ဖို့ ဘာသာရေးဆရာတစ်ဦးက အကြံပေးခဲ့တာလို့လည်း ပြောပါတယ်။ သေဆုံးသွားတဲ့ကလေးငယ်ဟာ လမ်းဘေးတစ်နေရာကနေ ပြန်ပေးဆွဲလာခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒါကြောင့် သူတို့ဇနီးမောင်နှံကို ကလေးပြန်ပေးဆွဲမှုအပြင် လူသတ်မှုနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ထပ်သံသယရှိသူ (၄၀)ကျော်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲအရာရှိက ပြောကြားခဲ့ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ် ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ် အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ် ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ် Reviewed by THITHTOOLWIN on 13:17 Rating: 5
Powered by Blogger.