မက္ကဆီကိုတွင် ပြင်းအား ၇.၁ ရှိသော အင်အားပြင်း ငလျင်လှုပ်

မက္ကဆီကိုစီးတီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လမ်းမပေါ်သို့ ထွက်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)
  ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

    မက္ကဆီကိုနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၆ ရက် မွန်းလွဲပိုင်း (ဖေဖော်ဝါရီလ ၁၇ ရက်၊ ပေကျင်းစံတော်ချိန် နံနက် ၇း၃၉ နာရီ) ၌ ပြင်းအား ၇.၁ ရှိသော အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။

အဆိုပါ ငလျင်သည် မက္ကဆီကိုနိုင်ငံ Pinotepa de Don Luis မြို့ တောင်ဘက် ၄ ကီလိုမီတာအကွာ၊ မြောက်လတ္တီကျု ၁၆.၆၀ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၉၇.၇၅ ဒီဂရီအကြား မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အင်အားပြင်း ငလျင်ဒဏ်အား မက္ကဆီကိုစီးတီးတွင်လည်း ခံစားခဲ့ရကြောင်း၊ ငလျင်သတိပေးသံများလည်း ထုတ်လွှင့်ထားကြောင်း သိရသည်။မြို့တော် မက္ကဆီကိုစီးတီးရှိ တရုတ်တန်းအနီး လမ်းမများ၌ ငလျင်ကြောင့် နေအိမ်ပြင်ပသို့ ထွက်နေသူများကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(Xinhua)
http://xinhuamyanmar.com
မက္ကဆီကိုတွင် ပြင်းအား ၇.၁ ရှိသော အင်အားပြင်း ငလျင်လှုပ် မက္ကဆီကိုတွင် ပြင်းအား ၇.၁ ရှိသော အင်အားပြင်း ငလျင်လှုပ် Reviewed by THITHTOOLWIN on 13:33 Rating: 5
Powered by Blogger.