ထိုင်း ဗိုလ်ချုပ်ကြီးကို ကျောင်းသားတွေ လှောင်ပြောင်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နှစ်ပတ်လည် တက္ကသိုလ်ဘော်လုံးပြိုင်ပွဲ ကြိုဆိုလှည့်လည်ပွဲမှာ ထိုင်းကျောင်းသားတွေက ဇိမ်ခံပစ္စည်းတွေ တန်ဖိုးကြီးနာရီတွေသုံးစွဲမှုအတွက် Rolex General ရိုးလက်စ် ဗိုလ်ချုပ်ကြီး လို့နံမည်ကျော်တဲ့ ဗိုလ်ချုပ်ကြီး Prawit Wongsuwan ပရာဝတ် ဝမ်စူဝန် ကို လှောင်ပြောင်တဲ့အလှပြအရုပ်ကြီးတွေနဲ့ မနေ့က ချီတက်ခဲ့ကြပါတယ်။


အဲဒီဗိုလ်ချုပ်ကြီးဟာ ထိုင်းစစ်အစိုးရမှာ နံပါတ် ၂ ခေါင်းဆောင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက စိန်လက်စွပ်နဲ့ တန်ဖိုးကြီးနာရီတလုံး သူဝတ်ဆင်ပြီး နေရောင်မစူးအောင် လက်နဲ့ကာကွယ်နေတဲ့ ဓါတ်ပုံတပုံ ပျံ့နှံ့သွားခဲ့ရာကနေ လူထုရဲ့ ပြောင်လှောင်တိုက်ခိုက်မှု တွေကို ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ ဗိုလ်ချုပ်ကြီး ပရာဝတ်မှာ အဖိုးတန်လက်ပတ်နာရီ ၂၅ လုံးရှိပြီး အဲဒီပစ္စည်းတွေကို ပိုင်ဆိုင်ခွင့်စာရင်းတင်ပြစဉ်က ထည့်သွင်းဖေါ်ပြခဲ့ခြင်း မရှိဖူးလို့ ဆိုပါတယ်။


ကျောင်းသားတွေက ဗိုလ်ချုပ်ကြီးကို သရော်တဲ့အနေနဲ့ စိန်လက်စွပ်နဲ့ လက်ပတ်နာရီဝတ် ကာတွန်းရုပ်ကြီးတွေကို ပုခုံးမှာထမ်းပြီး မနေ့က ချီတက်လှည့်လည်ခဲ့ကြပါတယ်။ “နာရီတွေဝတ်ပြီး ပျော်ရွင်နေတာကို ရပ်တန်းက ရပ်ပါတော့” ဆိုတဲ့ ထိုင်းဘာသာနဲ့ စာတမ်းတွေကိုလည်း သူတို့က ကိုင်ဆောင်ခဲ့ကြပါတယ်။

ချူလာလောင်ကွန်နဲ့ သမာဆပ်တက္ကသိုလ် ၂ ခုက ကျောင်းသားတွေပါဝင်တဲ့ အဲဒီ နှစ်စဉ်ဘောလုံးပြိုင်ပွဲမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေထင်ဟပ်တဲ့ လှောင်ပြောင်တင်ပြမှုတွေကို မြင်တွေ့ရလေ့ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ထိုင်း ဗိုလ်ချုပ်ကြီးကို ကျောင်းသားတွေ လှောင်ပြောင် ထိုင်း ဗိုလ်ချုပ်ကြီးကို ကျောင်းသားတွေ လှောင်ပြောင် Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.