သီရီလင်္ကာ ဆရာတော်ကို မြန်မာဆင် ရန်ပြုသတ်ဖြတ်


သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်နားမှာ သီးတင်းသုံးတဲ့ သက်တော် ၇၇ နှစ်ရှိ ထင်ရှားတဲ့ဆရာတော်ကြီးတပါးကို မြန်မာအစိုးရကလက်ဆောင်ပေးထားတဲ့ ဆင်တကောင်က ကျောင်းဝင်းထဲမှာပဲ ရန်မူတဲ့အတွက် ရရှိတဲ့ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ မနေ့က ပျံလွန်တော်မူသွားပါတယ်။

နာယကဆရာတော် ၀ိမလရတနာထေရ် Bellanwila Wimalarathana ကို မြေပေါ်တွန်းလှဲလို့ လဲကျသွားခဲ့ရာမှာ ဆင်စွယ်နဲ့ မထိုးအောင် ဆင်ဦးစီးက ကာကွယ်နိုင်လိုက်တယ်လို့ ရဲက ပြောပါတယ်။

ဖြစ်ဖြစ်ချင်းဆေးရုံပို့ပေမဲ့နောက်တရက်မှာ ပျံလွန်တော်မူသွားတာပါ။ ဆရာတော်ဟာ အစိုးရ တက္က္ကသိုလ်တခုက ဒု-အဓိပတိဖြစ်ပြီး ယဉ်ပါးနေတဲ့ဆင်တကောင်ကြောင့် ပထမဆုံးပျံလွန်တော်မူတဲ့ ထင်ရှားတဲ့ ဆရာတော်ဖြစ်ပါတယ်။

ဒီဆင်ကို မြန်မာအစိုးရက ၂၀၁၃ ခုနှစ်က လက်ဆောင်ပေးထားတာဖြစ်ပြီး မြန်မာကုမာရ လို့ နာမည်ပေးထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဆင်ကို အထွတ်အမြတ်တိရိစ္ဆာန်အဖြစ်သတ်မှတ်ပြီး ဥပဒေနဲ့ ကာကွယ် စောင့်ရှောက်ထားတဲ့အပြင် ဘုန်းကြီးကျောင်းတွေကလည်း ဆင်တွေကို မွေးမြူထားပါတယ်။

ဥပဒေနဲ့ ဆင်တွေကိုကာကွယ်စောင့်ရှောက်ထားပေမဲ့ ယာခင်းတွေထဲဝင်လာပြီး သီးနှံတွေဖျက်လို့ဆိုပြီး နှစ်စဉ် ဆင်ကောင်ရေ ၂၀၀ လောက်ကို လယ်သမားတွေက သတ်နေသလို ဆင်ရိုင်းနင်းဒါမှမဟုတ် ဆင်စွယ်နဲ့ထိုးလို့ လူ ၅၀ လောက်လည်း သေဆုံးရပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ၁၉၀၀ ပြည့်နှစ်တုန်းက ဆင်ကောင်ရေ တသောင်းနှစ်ထောင်လောက်ရှိခဲ့ပေမဲ့ မကြာခင်က ကောက်ယူတဲ့ စာရင်းအရ ကောင်ရေ ၇၀၀၀ ကျော်လောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
သီရီလင်္ကာ ဆရာတော်ကို မြန်မာဆင် ရန်ပြုသတ်ဖြတ် သီရီလင်္ကာ ဆရာတော်ကို မြန်မာဆင် ရန်ပြုသတ်ဖြတ် Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.