ရွှေဘိုမြို့ပေါ်တွင် နာရေးအိမ် ဖဲဝိုင်း၌ လူသတ်မှုဖြစ်ပွား


ရွှေဘို(ဖေဖော်ဝါရီ-၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် နာရေးကိစ္စအိမ်၌ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၃ နာရီ က လူသတ်မှုတစ်ခုဖြစ်ပွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့ အမှတ် (၁၀) သရက်ခြံရပ်ကွက်နေ ဒေါ်ခိုင်သူဇာဝင်း၏ ခင်ပွန်းဖြစ်သူ ဦးစိုးကျော်ထွေး(ခ)သားငယ်အား အမှတ် (၁၀) သရက်ခြံရပ်ကွက် (၈) လမ်းရှိ ညီမဖြစ်သူ မစိုးစန္ဒီစိုင်း၏ခင်ပွန်း ကိုဖြိုးမြင့်သူ၏ နာရေးဖဲဝိုင်းတွင် ဓါးထိုးခံရသဖြင့် သေဆုံးသွားကြောင်း သိရသည်။

 ဒေါ်ခိုင်သူဇာဝင်းမှ ခင်ပွန်းဖြစ်သူအား ဓါးနှင့်ထိုးသတ်ခဲ့သူမှာ ညီညီလင်းဆိုသူဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် ရဲစခန်းသို့ တိုင်တန်းခဲ့ပါသည်။

သက်ဆိုင်ရာမှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး တရားခံအား ဖမ်းဆီးနိုင်ရေး အတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ရာ သက်သေခံ အရိုးအသွား ၉ လက်မခွဲ ခန့်ရှိ သစ်သားအရိုးတပ် ဓါးအိမ်ပါ ဓါးဦးချွန် ၂ ချောင်းနှင့်အတူ တရားခံ ညီညီလင်းအား ၂ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ ဇနီးဖြစ်သူဒေါ်ခိုင်သူဇာဝင်းမှ တရားလိုပြုလုပ်၍ ၎င်း၏ခင်ပွန်းအား ဓါးဖြင့်ထိုးသတ်သွားသော ညီညီလင်း ၃၃ နှစ် အမှတ် (၁၀) ဈေးကလေးရပ်ကွက် ရွှေဘိုမြို့နေသူအား မြို့မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)


ရွှေဘိုမြို့ပေါ်တွင် နာရေးအိမ် ဖဲဝိုင်း၌ လူသတ်မှုဖြစ်ပွား ရွှေဘိုမြို့ပေါ်တွင် နာရေးအိမ် ဖဲဝိုင်း၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:36 Rating: 5
Powered by Blogger.