အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် စုံညီ တွေ့ ဆုံပွဲ ကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် အလုပ် အမှုဆောင် အဖွဲ့ များ စုံညီ တွေ့ ဆုံပွဲ အခမ်းအနားအား တွေ့ ရစဉ်(ဆင်ဟွာ)
ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် အလုပ် အမှုဆောင် အဖွဲ့ များ စုံညီ တွေ့ ဆုံပွဲ အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC)၌ ကျင်းပခဲ့သည်။
အခမ်းအနား သဘာပတိ ဖြစ်သူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဥာဏ်ဝင်းက ယခုလို စုံညီ တွေ့ ဆုံမှု အစည်းအဝေးမျိုးသည် အမြဲတမ်းပဲ လိုအပ်သကဲ့သို့ လေးလေးနက်နက် ဆွေးနွေးကြရန် လိုအပ်ကြောင်း ၊ ဒီမိုကရေစီ နည်းကျ ထိတွေ့ ဆက်ဆံမှုကနေ အကျိုးရလဒ်တွေ ရရှိအောင် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

အခမ်းအနား သဘာပတိ ဖြစ်သူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဥာဏ်ဝင်းက အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ရှိ အခြေအနေတွင် လွှတ်တော် ၊ အစိုးရ ၊ ပါတီ ကြားတွင် ညီညီညွှတ်ညွှတ် ရုန်းကန်ကြရမည့် အချိန်ကာလ တစ်ခု ရောက်နေပြီ ဖြစ်ကြောင်း ၊ ပါတီ အတွင်းတွင် ပါတီမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံးလုပ်နည်းများ ၊ ပါတီ၏ မှုဝါဒများနှင့် အညီ ညီညွှတ်ရေး တည်ဆောက်ရန် လိုကြောင်း ၊ ပါတီကို ပိုမို တိုးတက်သည့် ပြည်သူလူထုက ပိုမို လက်ခံ လာနိုင်သည့် အခြေအနေ တစ်ရပ် ဖြစ်အောင် ကြိုးပမ်း ကြရမည် ဖြစ်ကြောင်း ၊ ထိုတာဝန်သည် အစိုးရ နှင့် လွှတ်တော်တွင် တာဝန်ရှိကြောင်း ၊ ပါတီဘက်မှ ဦးဆောင်မှု ပေးနေသည့် အခြေအနေ အပေါ်မှ အစိုးရ နှင့် လွှတ်တော် တို့ မှ ပါတီကို ယုံကြည်စွာ မဲပေးခဲ့သည့် ပြည်သူလူထု အတွက် ဆောင်ရွက်ပေးနိုင်သည့် အဖွဲ့ အစည်းများ ဖြစ်ရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် လွှတ်တော် ၊ အစိုးရ နှင့် ပါတီ အကြားတွင် ညီညီညွှတ်ညွှတ်ဖြင့် ၃ နှစ်တာ ကာလ အတွင်း အချင်းချင်းကြားတွင် အားလုံး အပြုသဘောဖြင့် ဝေဖန် ဆွေးနွေး တိုင်ပင်ပြီး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် ယနေ့ အချိန်သည် အရေးအကြီးဆုံး အချိန် ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ တိုးတက် ခိုင်မာရန် ဥပဒေပြုရေး မဏ္ဍိုင် ၊ တရားရေး မဏ္ဍိုင် နှင့် အုပ်ချုပ်ရေး မဏ္ဍိုင် ၃ ခုလုံး တက်ညီလက်ညီဖြင့် ပြည်သူ့ အကျိုးကို ထမ်းဆောင်ရန် လိုအပ်ကြောင်း ၊ တစ်ခုနှင့် တစ်ခု ထိန်းညှိရန် တာဝန်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက “ဒီနေ့ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရန်ကုန်တိုင်း အတွင်းမှာ ဖြစ်နေကြတဲ့ အစိုးရ ဆောင်ရွက်မှု ကိစ္စတွေ ၊ လွှတ်တော်က ဆောင်ရွက်မှု ကိစ္စတွေ ၊ ပါတီတွင်း ဆောင်ရွက်မှု ကိစ္စတွေကို ပြန်လည် သုံးသပ် ဝေဖန်ပြီးတော့ ဒီနေ့ က စပြီး နောက်ပိုင်း အချိန် တွေမှာ ပိုမိုပြီး ကောင်းမွန်အောင် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်ကြရမယ့် အခြေအနေ အချိန်အခါ ဖြစ်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ အတူ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပါတီတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများအပေါ် ဆွေးနွေး တင်ပြမှုများ ပြုလုပ်ရာတွင် ညွှန်ကြားချက်များအား အချိန်နှင့် တပြေးညီ မဆောင်ရွက်နိုင်သည့် ကိစ္စများ ရှိနေသည့် အတွက် အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရေး ကိစ္စများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒီမိုကရေစီ နှင့် လူအခွင့်အရေး အတွက် တစ်ချို့ ပါတီဝင်များ ၊ လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များသည် အားတက်သရော ကြိုးပမ်း ဆောင်ရွက်နေကြသကဲ့သို့  တစ်ချို့ သော ပါတီဝင်များ ၊ ကိုယ်စားလှယ်များ ဆင်ခြင် သုံးသပ် ကြရန် လိုအပ်သည့် ကိစ္စများအား ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ထည့်သွင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့  တိုင်း ခရိုင် မြို့ နယ်အလုပ်အမှုဆောင် အဖွဲ့ များ စုံညီ တွေ့ ဆုံပွဲများ ပြုလုပ်ရခြင်းသည် ပါတီ ၊ အစိုးရ နှင့် လွှတ်တော် သုံးပွင့်ဆိုင် တွေ့ ဆုံပြီး လက်ရှိ နိုင်ငံရေး အခြေအနေများအား အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး လိုအပ်ချက်များအား ရှေ့ လုပ်ငန်းစဉ်များ အနေဖြင့် ချမှတ်ကြရန် ပြင်ဆင်သည့်ပွဲ ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် အလုပ် အမှူဆောင် အဖွဲ့ များအား တွေ့ ရစဉ်(ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် အလုပ် အမှုဆောင် အဖွဲ့ များ စုံညီ တွေ့ ဆုံပွဲ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဋ္ဌမ အကြိမ် ဗဟိုကော်မတီ အစည်းအဝေးသို့ တင်သွင်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ၏ အစီရင်ခံစာ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲ ကော်မတီ(UPDJC)၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှု အစီရင်ခံစာ တို့ အား ဖတ်ကြားခြင်းများအား ပြုလုပ်ခဲ့သည်။

ထို့ အတူ ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ ၊ ရန်ကုန်တိုင်း အရှေ့ ပိုင်း ၊ အနောက်ပိုင်း ၊ တောင်ပိုင်း နှင့် မြောက်ပိုင်း ခရိုင်တို့ ၏ အလုပ်အမှုဆောင် အဖွဲ့  ၊ မြို့ နယ် အလုပ်အမှုဆောင်များ၏ နိုင်ငံရေး အကြံပြု စာတမ်းများအား ဖတ်ကြား တင်သွင်းခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
China Xinhua News
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် စုံညီ တွေ့ ဆုံပွဲ ကျင်းပ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် စုံညီ တွေ့ ဆုံပွဲ ကျင်းပ Reviewed by THITHTOOLWIN on 15:03 Rating: 5
Powered by Blogger.