မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် ဆိုင်ခန်း(၆)ခန်း မီးလောင်ဆုံးရှုံးမှုဖြစ်ပွား

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် လျှပ်စစ်ဝိုင်ယာကြိုးဟောင်းရှော့ခ်ဖြစ်၍ ဆိုင်ခန်း(၆)ခန်း မီးလောင်ဆုံးရှုံးမှုဖြစ်ပွား
ဖြစ်ကြီးနား - ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ(၁၄)တွင် ဖေဖော်ဝါရီ၂ရက် ည၁၁နာရီ၄၅မိနစ်က လျှပ်စစ်ဝိုင်ယာကြိုး ဟောင်းရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ(၁၄)နေ ဦးတိုးအောင်(စိန်ကားပစ္စည်းဆိုင်)တွင် တပ်ဆင်အသုံးပြုထားသည့် လျှပ်စစ်ဝိုင်ယာကြိုးအဟောင်းများမှ အပူလွန်ကဲကာ ရှော့ခ်ဖြစ်မီးလောင် ကျွမ်းရာမှဦးနောင်နောင်၊ဦးဇော်ဝင်း၊ဦးဇော်မျိုးလွင်၊ဦးအောင်လွင်၊ဒေါ်သန္တာမိုးတို့၏ ဆိုင်ခန်းများပါ မီးလောင်ကျွမ်းခဲ့၍ ကျပ်သိန်း(၁၉၀)ကျော်တန်ဖိုးရှိ ဆိုင်ခန်းအဆောက်အအုံများ မီးလောင်ကျွမ်းပျက်ဆီး ဆုံးရှုံးခဲ့ကာ ဦးတိုးအောင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မီးလောင်ကျွမ်းသည့်နေရာသို့ ပြည်နယ်မီးသတ်ဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးကျော်စိုးသန်း ဦးစီးမီးသတ်တပ်ဖွဲ့ဝင်(၄၅)ဦး အရံမီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးတို့မှ မီးငြိမ်းသတ်ယာဉ်(၄)စီး ရေသယ်ယာဉ်(၆)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်၁၂နာရီ၄၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ဦးတိုးအောင်အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် (ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် ဆိုင်ခန်း(၆)ခန်း မီးလောင်ဆုံးရှုံးမှုဖြစ်ပွား မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် ဆိုင်ခန်း(၆)ခန်း မီးလောင်ဆုံးရှုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:39 Rating: 5
Powered by Blogger.