တရုတ်အမျိုးသားတစ်ဦးထံသို့ အဓမ္မလက်ထပ်ပေးစားရန် တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည့်အမျိုးသမီးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်


မိတ္ထီလာ၊ ဖေဖော်ဝါရီလ ၁၂

တရုတ်အမျိုးသားတစ်ဦးထံသို့ အဓမ္မလက်ထပ်ပေးစားရန် တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည့်အမျိုးသမီးအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ရဲကင်းစခန်းမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုကုက္ကိုလ်ကုန်းရွာသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ကရခိုင်ပြည်နယ် အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်နေမခင်ခင်လှ ရောက်ရှိလာပြီးကုက္ကိုလ်ကုန်းရွာနေဒေါ်….. နှင့် သမီးဖြင့်သူ မ……..တို့(၂)ဦးအားရခိုင်ပြည်နယ် အမ်းမြို့ရှိထမင်းနှင့် အရက်တွဲရောင်းသောဆိုင်တွင် အလုပ်ရမည်၊တစ်လတစ်သိန်းကျပ်ရမည် တစ်နှစ်စာအတွက် ငွေကျပ်(၁၂)သိန်းအား ကြိုတင်ငွေအဖြစ် ပေးမည်ဖြစ်ကြောင်းပြောဆိုစည်းရုံးကာ မ……….. (၂၁)နှစ်အားရခိုင်ပြည်နယ် အမ်းမြို့သို့ မခေါ်ဆောင်ဘဲတရုတ်နိုင်ငံရှိအမည်မသိမြို့တစ်မြို့ရှိအမည်မသိတရုတ်အမျိုးသားတစ်ဦးထံသို့ အဓမ္မလက်ထပ်ပေးစားရန် ရောင်းစားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)မိတ္ထီလာမှ တရားခံမခင်ခင်လှအားဥပဒေဖြင့် အရေးယူပေးရန် ညောင်ဦးမြို့နယ်လက်ပံခြေပေါ်ရဲကင်းစခန်းသို့ တိုင်တန်းရာရဲစခန်းမှ တရားခံဖြစ်သူမခင်ခင်လှအားလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးလူကုန်ကူးခံရသူ မ……အားကယ်တင်ရရှိရေးအတွက် အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေးရဲတပ်ဖွဲ့ မူဆယ်နှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရုတ်အမျိုးသားတစ်ဦးထံသို့ အဓမ္မလက်ထပ်ပေးစားရန် တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည့်အမျိုးသမီးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် တရုတ်အမျိုးသားတစ်ဦးထံသို့ အဓမ္မလက်ထပ်ပေးစားရန် တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည့်အမျိုးသမီးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.