ရွှေဆိုင်မှ ရွှေ ၇၉ ကျပ်သား ခိုးယူသွားသော အမျိုးသမီးသုံးဦးအား အမှုဖွင့်


ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၂

ဆိပ်ဖြူမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေထည်များအား ပြခိုင်းပြီး ၇၉ ကျပ်သား ခန့်ရှိ ရွှေထည်ပစ္စည်းများ ခိုးယူသွားသော အမျိုးသမီးသုံးဦးအား ဖေဖော်ဝါရီ ၁၁ ရက်က အမှုဖွင့်ခဲ့ကြောင်း ဆိပ်ဖြူမြို့မရဲစခန်းမှ သိရ သည်။

ဖြစ်စဉ်မှာ ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်နေ ဒေါ်လေး လေးမွန်(၃၄ နှစ်)သည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီက ပတ္တမြားဈေးအတွင်းရှိ ရွှေဆိုင်အား ဖွင့်လှစ် ရောင်းချနေစဉ် နံနက် ၈ နာရီခန့်တွင် အမျိုးသမီး နှစ်ဦးရောက် ရှိလာပြီး ရွှေဆွဲသီးပြပေးရန် ပြောဆိုသဖြင့် ပြသပေးနေစဉ် အမျိုးသမီး တစ်ဦး ထပ်မံရောက်ရှိလာပြီး နားဆွဲပြသပေးရန် ပြောဆိုသဖြင့် ပြသပေး ခဲ့ပြီးနောက် အဆိုပါအမျိုးသမီးမှာ ရွှေဆိုင်အတွင်းမှ ထွက်သွား ခဲ့ကြောင်း။

ထို့နောက် ကျန်ရှိသည့် အမျိုးသမီးနှစ်ဦးကလည်း ဈေး မတတ်နိုင်ကြောင်းပြော ဆိုပြီး ရွှေဆိုင်အတွင်းမှ ပြန်လည် ထွက်သွား ခဲ့ပြီးနောက် ဗီရိုရှိုးကေ့အတွင်းမှ ကာလတန်ဖိုး ငွေကျပ် ၇ဝ၈ သိန်းခန့်ရှိ ရွှေဆွဲကြိုး ၁၈၉ ကုံးခန့် (အလေးချိန် ၇၉ ကျပ်သားခန့်) ထည့်ထားသော ပလတ်စတစ်ဘူးမှာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက် အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေထည်ပစ္စည်းများအား ခိုးယူသွားသော အမည်မသိ အမျိုးသမီးသုံးဦးအား အရေးယူပေးရန် ဒေါ်လေးလေးမွန်က တရားလိုပြု တိုင်ကြားခဲ့၍ ဆိပ်ဖြူမြို့မရဲစခန်းက အမှုဖွင့်စုံစမ်းနေ ကြောင်း သိရသည်။

 ကျော်ဇေယျ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရွှေဆိုင်မှ ရွှေ ၇၉ ကျပ်သား ခိုးယူသွားသော အမျိုးသမီးသုံးဦးအား အမှုဖွင့် ရွှေဆိုင်မှ ရွှေ ၇၉ ကျပ်သား ခိုးယူသွားသော အမျိုးသမီးသုံးဦးအား အမှုဖွင့် Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.