သိန်းပေါင်း (၂၄၈၇)သိန်းကျပ်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူနှစ်ဦးအား ရွှေဘိုမြို့နယ်တွင် ဖမ်းဆီးရမိ


ရွှေဘို(ဖေဖော်ဝါရီ-၁၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့ (၁၁) နာရီအချိန်ခန့်က ကျပ်သိန်း (၂၄၈၇)ဖိုး ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့မှ ရေဦးဘက်သို့ မောင်းနှင်လာသော SGG-6H/6830 နံပါတ်ပါ VIGO အမျိုးအစား အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့်  ခရိုင်မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်များက တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ရွှေဘိုမြို့နယ် မင်္ဂလာရွာအနီး ရွှေဘို-ခင်ဦး-ရေဦး ကားလမ်း မိုင်တိုင်အမှတ် (၇၁နှင့် ၇၂) ကြား၌ ထော်လာဂျီယာဉ်နှင့် ပွတ်တိုက်မိပြီး လမ်းဘေးမြောင်းတွင် ပြုတ်ကျသွားသဖြင့် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 စစ်ဆေးရာမှာ ကျင်ဇထွန်း ၄၀ နှစ် (ဘ)ဦးခိုင်ဒိုးထန် သဇင်ရပ်ကွက် ကလေးမြို့ နေသူနှင့် လန်ခန့်ဆူမ် ၄၈ နှစ် (ဘ)ဦးထန်ငိုကပ် ကြာအိုလင်ကျေးရွာ တွန်းဇံမြို့နယ်နေသူ တို့နှစ်ဦး လိုက်ပါလာသော အဆိုပါယာဉ် အနောက်ခန်းမှ “မန္တလေးကောင်းစံ” တံဆိပ်ပါ ဘီစကစ်မှုန့်ဖာ ၂ဖာအတွင်းမှ “LOVE IS FLOWER” တံဆိပ်များဖြင့် အနီရောင် ဆပ်ပြာခွက်များအတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့်ရောစပ်ထား သည့် (၁၃) ဂရမ်ခန့်ပါ ၄ ခွက်၊ (၁၂) ဂရမ်ခန့်ပါ ၅ ခွက်၊ (၁၁) ဂရမ်ခန့်ပါ ၇ ခွက်၊ (၁၀) ဂရမ်ခန့်ပါ ၃၈ ခွက်၊ (၈) ဂရမ်ခန့်ပါ ၁ ခွက်၊ (၆) ဂရမ်ခန့်ပါ ၈ ခွက၊် စုစုပေါင်း အနီရောင်ဆပ်ပြာခွက် (၆၃) ခွက်၊ အလေးချိန် (၆၂၅)
ဂရမ်ခန့်၊ “LOVE IS FLOWER” တံဆိပ်များဖြင့် အစိမ်းရောင်ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့်ရောစပ်ထား သည့် ၁၄ ဂရမ်ခန့်ပါ ၂ ခွက်၊ ၁၃ ဂရမ်ခန့်ပါ ၄ ခွက်၊ ၁၂ ဂရမ်ခန့် ၇ ခွက်၊ ၁၁ ဂရမ်ခန့်ပါ ၇ ခွက်၊ ၁၀ ဂရမ်ခန့်ပါ ၃၅ ခွက်၊
၉ ဂရမ်ခန့်ပါ ၁ ခွက်၊ စုစုပေါင်း ၅၆ ခွက်၊ အလေးချိန် (၆၀၀) ဂရမ်ခန့်၊ “LOVE IS FLOWER” တံဆိပ်များဖြင့် ပန်းရောင်ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့်ရောစပ်ထားသည့် ၁၃ ဂရမ်ခန့်ပါ ၂ ခွက်၊ ၁၂ ဂရမ်ခန့်ပါ ၅ ခွက်၊ ၁၁ ဂရမ်ခန့်ပါ ၇ ခွက်၊ ၉ ဂရမ်ခန့်ပါ ၄ ခွက်၊ ၁၀ ဂရမ်ခန့်ပါ ခွက် ၄၀ ၊ စုစုပေါင်း ၅၈ ခွက်၊ အလေးချိန် (၅၉၉) ဂရမ်ခန့်၊ “LOVE IS FLOWER” တံဆိပ်များဖြင့် အပြာရောင်ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့်ရောစပ်ထားသည့် ၁၄ ဂရမ်ခန့်ပါ ၂ ခွက်၊ ၁၃ ဂရမ်ခန့်ပါ ၃ ခွက်၊ ၁၂ ဂရမ်ခန့်ပါ ၈ ခွက်၊ ၁၁ ဂရမ်ခန့်ပါ ၃ ခွက်၊ ၁၀ ဂရမ်ခန့်ပါ ၄၁
ခွက်၊ ၉ ဂရမ်ခန့်ပါ ၃ ခွက်၊ စုစုပေါင်း (၆၀) ခွက်၊ အလေးချိန် (၆၃၃) ဂရမ်ခန့်၊ “LOVE IS FLOWER” တံဆိပ်ဖြင့် ပြာ/နီကြားရောင်ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့်ရောစပ်ထား သည့် ၆ ဂရမ်ခန့်ပါ ၃ ခွက်၊ “LOVE IS FLOWER”
တံဆိပ်ဖြင့် ပန်းရောင်/စိမ်းကြားဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့်ရောစပ်ထားသည့် ၆ ဂရမ်ခန့်ပါ ၁ ခွက်၊ “LOVE IS FLOWER” တံဆိပ်ဖြင့်
ပြာ/စိမ်းကြား ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင် အမှုန့်ရောစပ်ထားသည့် ၆ ဂရမ်ခန့်ပါ ၁ ခွက်၊ စုစုပေါင်း ၅ ခွက်၊ အလေးချိန် (၃၀) ဂရမ်ခန့် ၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၂၄၈၇) သိန်းခန့်၊ ၀၉၄၄၅၉၄၄၁၉ ဆင်းကဒ်တစ်ခုပါ NOKIA အမှတ်တံဆိပ်ပါ အစိမ်းရောင် ဟန်းဆက် ၁ လုံး၊ ၀၉၄၄၄၀၄၁၇၇၀ ဆင်းကဒ်တစ်ခုပါ SANSUNG
အမှတ်တံဆိပ်ရွှေရောင်ဟန်းဆက် ၁ လုံး တို့နှင့်အတူတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ စုစုပေါင်း ဆပ်ပြာခွက် (၂၄၂) ခွက်ဖြင့် ဘိန်းဖြူမှုန့် (၂၄၈၇) ဂရမ် သယ်ဆောင်လာသော ကျင်ဇထွန်း ၄၀ နှစ် (ဘ)ဦးခိုင်ဒိုးထန်နှင့် လန်ခန့်ဆူမ် ၄၈ နှစ် (ဘ)ဦးထန်ငိုကပ် တို့နှစ်ဦးအား ခရိုင်မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်ခင်မောင်ဦးမှ တရားလိုပြုလုပ်၍ ရွှေဘိုမြို့မရဲစခန်းမှ မယ(ပ) ၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူပြီး မြို့နယ်တရားရုံးသို့ အမြန်တရားစွဲတင်ပို့နိုင်ရန် အမှုစစ် ရဲအုပ်တင်မောင်အေးမှ အပူတပြင်း ဆောင်ရွက်နေကြောင်း သိရသည်။

Chit Sann
သိန်းပေါင်း (၂၄၈၇)သိန်းကျပ်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူနှစ်ဦးအား ရွှေဘိုမြို့နယ်တွင် ဖမ်းဆီးရမိ သိန်းပေါင်း (၂၄၈၇)သိန်းကျပ်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူနှစ်ဦးအား ရွှေဘိုမြို့နယ်တွင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.