ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင် ကျေးရွာ၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ


နေပြည်တော် ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင်ကျေးရွာ၊ ရွာလယ်ပိုင်းနေ ဦးခိုင်မိုးဝင်းသည် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ ခန့်တွင် ၎င်း၏ နေအိမ် ခြံဝင်းအတွင်း အိမ်ဆောက်ရန် မြေတူးစဉ် ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိကြောင်း သတင်းအရ နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက သွားရောက်ရှင်းလင်း ရှာဖွေရာ အရှည် ၃ ပေ ၈ လက်မ၊ လုံးပတ် ၃၆ လက်မ၊ အချင်း ၁၈ လက်မခန့်ရှိ ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဗုံးသီးဟောင်းအား လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင် ကျေးရွာ၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင် ကျေးရွာ၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 12:41 Rating: 5
Powered by Blogger.