တပ်ကုန်း မုဒိန်းကျင့် လူသတ်မှု ဖော်ထုတ်နိုင်ပြီ

တပ်ကုန်းမြို့နယ်၌ မှုခင်းဖြစ်ပွား။ ဓါတ်ပုံ - ကိုမျိုး(ရွှေပေါက္ကံ)
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၄၃၀ အချိန် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၂၇၃/၃-၄)ကြား ကိုကျော်စိုး (ရွှေမိတ္တကုန်တင် ယာဉ်လိုင်း ပိုင်ရှင်)၏ ယာမြေ အတွင်းရှိ လူမနေသည့်တဲအတွင်း အသက်(၉)နှစ်ခန့် မိန်းကလေး ၁ ဦး သေဆုံးနေကြောင်း သတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် များမှ သွားရောက် စစ်ဆေးရာ မxxxxx(၉)နှစ် အား လည်ပင်းတွင် မိန်းမသုံးပုဝါ ရစ်ပတ်လျက် လျှာထွက်၊ ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ဖြင့် သေဆုံးနေပြီး တဲအနောက်ဘက်အခန်း၌ ရေသန့်ဗူးခွံများ ထည့်ထားသည့် ဆာလာအိတ် ၂ အိတ်ပါ မိန်းမစီး စက်ဘီး ၁ စီးတွေ့ရှိ၍ မxxxxx၏ အလောင်း အား တပ်ကုန်း ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပါသည်။

၁၆၄၅ အချိန်တွင် ဦးမောင်ဝေ(၅၇)နှစ် (သေဆုံးသူ၏ဖခင်)မှ တိုင်တန်း၍ တပ်ကုန်းမြို့မရဲစခန်း (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ ရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ် တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များ အရ သေဆုံးသူ မxxxxxနှင့် ကိုပို(ခ) တင်ရွှေ(၄၃)နှစ်တို့သည် ရေသန့်ဗူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရ၍ ကိုပို(ခ) တင်ရွှေအား တပ်ကုန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်မေးခဲ့ရာ မxxxxxအား အခင်းဖြစ် တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယား ပြုကျင့်ရန် ကြိုးစားစဉ် မxxxxxမှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်းအား ညှစ်စဉ် သေဆုံးသွား၍ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မxxxxx လည်ပင်းအား ချည်နှောင်ထားခဲ့ကြောင်း ထွက်ဆို သဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် စီစဉ်ထားရှိကြောင်း သတင်း ရရှိပါသည်။

Ministry of Home Affairs, Myanmar
တပ်ကုန်း မုဒိန်းကျင့် လူသတ်မှု ဖော်ထုတ်နိုင်ပြီ တပ်ကုန်း မုဒိန်းကျင့် လူသတ်မှု ဖော်ထုတ်နိုင်ပြီ Reviewed by THITHTOOLWIN on 12:36 Rating: 5
Powered by Blogger.