မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျမ်းသစ္စာ ကျိန်ဆို


၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော ကျောင်းသမဂ္ဂ အဖွဲ့ဝင် ၁၅ ဦး ( အလုပ်အမှုဆောင် အဖွဲ့သစ်) သည် ယနေ့ ၁၃.၂. ၂၀၁၈ နံနက် ၉ နာရီတွင် ရွေချယ်ရေးကော်မရှင် ဥက္ကဌ ဒေါက်တာခင်နွယ်အေး ( ပါမောက္ခ၊ဌာနမှူး ဥပဒေပညာ ) ၏ ရှေ့မှောက် တွင် ကျမ်းသစ္စာ ကျိန်ဆိုကြသည်။


ထိုပွဲကို ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ သက်နိုင်ဦးက အဖွင့် မိန့်ခွန်းပြောကြားရာတွင် " ကျောင်းသား သမဂ္ဂ ဆိုတာ ..တက္ကသိုလ် ကျောင်းသား ​​ကျောင်းသူများ၏ ပညာရေး၊ နေရေး ၊ ထိုင်ရေး ၊ ​အေးချမ်းစွာ ပညာသင်ကြားရေး၊ ကျမ်းမာရေး ၊ လူမှုဆက်ဆံရေး အပါအ၀င် နိုင်ငံတကာ အဆင့်မြင့်ပညာရေး နှင့် တပြေးညီ ဖွံ့ဖြိုးတိုးတက်နေ​အောင် ကျောင်းသားများနှင့် ကျောင်းအုပ်ချုပ်ရေး အဖွဲ့တို့ အတူပူးပေါင်း ဆောင်ရွက်နေရမည့် ကိုယ်စားလှယ် အဖွဲ့ဖြစ်ကြောင်း" "အဖွဲ့အစည်း၏ စိတ်ဓါတ် ၊ တဦးခြင်းကျိုးစားမှုနှင့် လိုက်​နာရမည့်​ စည်းကမ်းများ ၊ ပွင့်လင်းမြင်သာမှု၊ တို့ကို အဓိက ထားပြီး ​ဆွေးနွေးသွားသည်။


ကျေးဇူးတင်စကားကို "မုံရွာတက္ကသိုလ် ဆရာများ သမဂ္ဂ" ဥက္ကဌ က ပြောကြားပေးခဲ့သည်။ ​​ကျောင်းသား သမဂ္ဂ ဖြစ်ပေါ်လာပုံ နှင့် ဆက်လက် အကောင် အထည်ဖေါ်မည့် ကိစ္စများ ၊ ကျောင်းသားထု အကျိုးအတွက် ဆရာသမဂ္ဂ နှင့် အတူ ပူးပေါင်းဆောင်ရွက်ရေး တို့ ပါဝင်သည်။

ထို့နောက် ကျောင်းသားသမဂ္ဂ၏ ရပ်တည်ချက် ၃ ရပ်၊ ဆက်လက် ဆောင်ရွက်ရမည့် သမဂ္ဂ၏ လုပ်ငန်းစဉ်များကို ဥက္ကဌ ကိုအောင်ဟိန်းမြင့်မှ တင်ပြသွားသည်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို လွှတ်တော် အမတ် ဒေါ်အမာကြည် တက်ရောက် အားပေး ချီးမြှင့်ပေးသည်။


ပွဲကို တက်ရောက်လာသည့် ဆရာဆရာမများ ကျောင်းသား ကျောင်းသူများ အားလုံးကို ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ဖြင့် ပဲပြုတ် နှင့် နံပြား ၊ ကော်ဖီ တည်ခင်း ဧည့်ခံပါသည်။ နေလည် ၁၁ နာရီတွင် အခမ်းအနားပြီးဆုံးပြီး အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြသည်။

TNO. 13.2.2018
Monywa University မုံရွာတက္ကသိုလ်
မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျမ်းသစ္စာ ကျိန်ဆို မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျမ်းသစ္စာ ကျိန်ဆို Reviewed by THITHTOOLWIN on 13:03 Rating: 5
Powered by Blogger.