ချမ်းမြသာစည်မြို့နယ် တရားရုံးအနီး လူသတ်မှုမှ သံသယတရားခံကို ထုတ်ပြန်


မန္တလေး၊ ဖေဖော်ဝါရီ ၅

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တရားရုံးအနီး ၇၈ လမ်းပေါ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သံသယတရားခံကို အများပြည်သူအနေဖြင့် သတင်းပေးတိုင်ကြားနိုင်ရန် ထုတ်ပြန်ထားသည်။

အသတ်ခံရသည့် ဒေါ်ဝင်းကြည် (၆၆) နှစ်သည် အမှုတစ်ခုအတွက် တရားရုံးသို့ လာရောက် စစ်ဆေးခံပြီး ပြန်ထွက်ချိန်တွင် တရားရုံးအနီး ၇၈ လမ်းပေါ်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးလိုက်သည့်အတွက် သေဆုံးသွားခဲ့သည်။

``သံသယတရားခံကို အများပြည်သူ အနေနဲ့ သတင်းပေးနိုင်ဖို့အတွက် ထုတ်ပြန်တာဖြစ်တယ် ။ မသင်္ကာစရာတွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားပေးစေလိုပါတယ်´´ ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက ပြောသည်။

ယင်းအမှုနှင့် ပတ်သတ်ပြီး အမှတ်(၁၁) နယ်မြေရဲစခန်းတွင် (ပ)၂၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သတ်ခံရသူ၏ ချွေးမဖြစ်သူ ဒေါ်လတ်လတ်မြတ် က တရားလိုပြုလုပ်အမှုဖွင့်ထားသည်။

ထိုလူသတ်မှုမှ သံသယတရားခံအမျိုးသားအား တွေ့ရှိသူများအနေဖြင့် အမှတ် (၁၁) ရဲစခန်း စခန်းမှူး ဖုန်း ၀၉ - ၄၄၄၀၂၈၃၅၇ သို့လည်းကောင်း၊ နယ်ထိန်းခေါင်ဆောင်ဖုန်း ၀၉ - ၄၃၁၂၈၇၀၈ ထံသို့လည်းကောင်း ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒိုး
Central News Myanmar
https://www.facebook.com/CNMyanmar
ချမ်းမြသာစည်မြို့နယ် တရားရုံးအနီး လူသတ်မှုမှ သံသယတရားခံကို ထုတ်ပြန်  ချမ်းမြသာစည်မြို့နယ် တရားရုံးအနီး လူသတ်မှုမှ သံသယတရားခံကို ထုတ်ပြန် Reviewed by THITHTOOLWIN on 08:04 Rating: 5
Powered by Blogger.